Home
မြန်မာသတင်း
ဇီးကုန်းမြို့နယ်တွင်  ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံပွဲပြုလုပ်
DVB
·
May 15, 2017
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ ဒုတိယအကြိမ် ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံ ထောက်ခံကြိုဆိုကြောင်း မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ ဒေသခံ ၁၃၀ လောက်က ဇီးကနုး  အမှတ် (၅) ရပ်ကွက်ရှိ ဆေးကျောင်း (၁) လမ်းက စတင်ပြီး တာပွန်လမ်း၊ ရန်ကုန်-ပြည်ကားလမ်း၊ ဦးယောလမ်း၊ ဈေးလမ်း၊ ကုန်သည်လမ်းများအတိုင်း စီတန်းလှည့်လည်ပါတယ်။ “ဒုတိယအကြိမ် ၂၁ ရာစု ငြိမ်းချမ်းရေးပင်လုံ ညီလာခံအား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ‘ပြည်သူနှင့်အတူ’ ဆောင်ပုဒ်အား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ နိုင်ငံတဝန်း ပြည်သူများ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်”လို့ ချီတက်သူတွေက ကြွေးကြော်ကြပါတယ်။ ကြိုဆိုထောက်ခံပွဲ ဦးဆောင်စီစဉ်သူ ဦးသန်းအောင်က “၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံကို အောင်အောင်မြင်မြင် ပြုလုပ်ကျင်းပပြီး တိုင်းပြည်ငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ပြည်သူနဲ့အတူ’ ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ ကျနော်တို့ ပြည်သူတွေ ပူးပေါင်းပါဝင် ကြိုဆိုထောက်ခံခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဦးဆောင်သူတွေကငြိမ်းချမ်းမှ တိုင်းပြည်အမြန်ဆုံး တိုးတက်နိုင်မယ့် အကြောင်းတွေကိုလည်း ဟောပြောခဲ့ကြပါတယ်။ သတင်း - ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024