အီဂျစ်တွင် နှစ်ပေါင်း ၂၃၀၀ သက်တမ်းရှိ မံမီဆေးစိမ်ရုပ်အလောင်းများ တွေ့ရှိ

နှစ်ပေါင်း ၂၃၀၀ သက်တမ်းရှိ အနည်းဆုံး မံမီဆေးစိမ်ရုပ်အလောင်း ၁၇ လောင်း ပါရှိတဲ့ ရှေးဟောင်း သချိုင်္ိင်းကြီးတခုကို အီဂျစ်နိုင်ငံ၊ နိုင်းလ်တောင်ကြားမြို့ဖြစ်တဲ့ မင်းဂျာမြို့အနားက တူနာအယ်လ်ဂါဘယ်ဆိုတဲ့ ရွာလေးမှာ အီဂျစ်ရှေးဟောင်းသုတေသန အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှေးဟောင်းသုတေသန ဝန်ကြီး ခါလဒ်အယ်အနာနီက “တူနာအယ်လ်ဂါဘယ်လ်ရွာမှာ လူသားရှေးဟောင်းသချိုင်္ိင်းကြီးကို ရှာဖွေတွေ့ရှိတာ ပထမဦးဆုံးအကြိမ်ပဲ” လို့ ပြောကြောင်း သည်ဆန်းရဲ့ မေလ ၁၃ ရက်နေ့ သတင်းမှာ ရေးထားပါတယ်။ ဆေးစိမ်မံမီရုပ်အလောင်းတွေကို မပုတ်သိုး မပျက်စီးအောင် သေချာစွာ ဆေးစိမ်ထားပြီး ဒီရုပ်အလောင်းထဲက လူတွေက ဘုန်းကြီးတွေ ထိပ်တန်းအာဏာပိုင်တွေ ဖြစ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။ မြေပြင်ကနေ အောက်ဘက် ၈ မီတာ ရှိတဲ့ ဒီရှေးဟောင်းသချိုင်္ိင်းကြီးက ဂရိကိုရောမခေတ်နဲ့ ရှေးဟောင်းအီဂျစ်နှောင်းပိုင်းခေတ်အချိန်တွေက ဖြစ်မယ်လို့လည်း ပြောပါတယ်။ ရှေးဟောင်သချိုင်္ိင်းကြီးရဲ့ အစွန်းဘက်တွေမှာ မံမီရုပ်အလောင်းတွေရဲ့ ခြေထောက်တွေနဲ့ ခြေချောင်းတွေကို မြင်ရပြီး ဒီရှာဖွေမှုက “ပိုမိုကြီးမားတဲ့ ရှာဖွေမှုဖြစ်မယ်” လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။ အီဂျစ်နိုင်ငံက ခရီးသွားလာရေးနယ်ပယ်မှာ ပြန်လည်ထူထူထောင်ထောင်ဖြစ်အောင် ရုန်းကန်နေရချိန်မှာ ဒီလို ရှာဖွေတွေ့ခဲ့တာပါ။ နိုင်ငံ့ ခရီးသွားလာရေး လုပ်ငန်းအောင်မြင်မှုက ရှေးဟောင်းနယ်မြေ မြင်ကွင်းတွေကြောင့် တစိတ်တပိုင်းဖြစ်စေခဲ့တာပါ။ ဒါပေမယ့် ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက နိုင်ငံရေးအခြေအနေ ကစဥ့်ကလျားဖြစ်မှုတွေကြောင့် အဲ့ဒီနယ်မြေတွေက ထိခိုက်မှုရှိခဲ့တာပါ။ အခုရှာဖွေတွေ့ရှိမှုက အဲ့ဒီဒေသမှာ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန် ပြန်မြင့်လာနိုင်မယ် မျှော်လင့်ရတယ်လို့ ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up