Live
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ ပြည်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်တွင် ပြုလုပ်
အောင်သူ
·
May 11, 2017
ရန်ကုန်မြို့ရှိ Park Royal မှာ မေလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေက ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် စမ်းသပ်ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲလို့လည်း ပြောလို့ရတယ်လို့ UEC ဥက္ကဋ္ဌက ပြောပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲက ရလာတဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ ပြင်သင့်တဲ့ အချက်တွေကို ပြင်ပြီး ၂၀၂၀ ရွေးကောက်ပွဲကြီးကို ပြုလုပ်မယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေမှာတော့ အခက်ခဲတချို့ရှိခဲ့ပြီး တပ်တွင်းမဲရုံတွေမှာ စောင့်ကြည့်အဖွဲ့အစည်းတွေအနေနဲ့ ပိုမိုပွင့်လင်းမြင်သာမှုရှိဖို့ လိုသေးတယ်။ ရွေးကောက်ပွဲစောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့ပစ္စည်းတချို့က သုံးသပ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024