Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ရာဘာပေါင်းခံ မှိုင်းတိုက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
DVB
·
May 10, 2017
မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု ကော့ကလှိုင်ခြံစု နတလကျောင်းလမ်းရှိ ငွေလှိုင် ရာဘာရောင်းဝယ်ရေးဆိုင်မှာ ရာဘာပေါင်းခံ မှိုင်းတိုက်နေစဉ် အပူလွန်ကဲရာနေတဆင့် မေ ၉ ရက် မနက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာကို မြို့နယ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံတပ်ရင်း ခမရ ၆၁ မှ တပ်မတော်သားတွေ၊ မီးသတ်ယာဉ် ၆ စီးနဲ့အတူ တပ်ရေယာဉ် ၂ စီး၊ ပုဂ္ဂလိကရေသယ်ယာဉ် ၁ စီးတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မနက် ၉ နာရီ ၁၅ မိနစ်အချိန်က ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတဦးက ပြောပါတယ်။ မီးလောင်မှုမှာ ရာဘာပေါင်းရုံ သွပ်မိုးအုတ်ညှပ်အဆောက်အဦနဲ့ ရာဘာပေါင် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့ရာ တန်ဖိုးငွေကျပ် ၂၄၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးပေါ့ဆစွာ အသုံးပြုခဲ့သူ ဝင်းထိုက်ကို ရေးမြို့မရဲစခန်းက ရာဇာသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024