Live
Home
ဆောင်းပါး
ပဋိပက္ခဖုံး ပြည်သူချင်းအမုန်းမှ နိုင်ငံ့အရှုံးဆီသို့ မဖြစ်ရေး
DVB
·
May 9, 2017
          ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ မဆလ၊ နအဖ၊ န၀တ၊ ဦးသိန်းစိန်အစိုးရ လက်ထက်အထိ အစိုးရအဆက်ဆက် "အသီးအရွက် ကိုယ်ကျိုးမျှော်၊ ရေသောက်မြစ်တွေ ဖော်ဆောင်ရပြီး ပဋိပက္ခရေလောင်းနေသည့် “အခြေအနေအနေတွေ နောက်ဆက်တွဲနှင့် လက်ရှိကာလ အန်အယ်လ်ဒီအစိုးရခေတ် ကြုံတွေ့နေရသည့် တိုင်းပြည်နှင့် ပြည်သူများ ထိခိုက်နစ်နာရမှုတို့ကို ပုံ-စာများနှင့်  စာဖတ်ပရိတ်သတ် မြင်သာအောင်မီးမောင်းထိုးပြရင်း "မုန်းစကိုတိုစေ ချစ်စကိုရှည်စေ" ဆိုသည့် ဆိုရိုးအတိုင်း ပြည်သူအချင်းချင်း မေတ္တာထားကာ ပဋိပက္ခရှောင် နိုင်ငံ့အကျိုးဆောင်စေဖို့ ရည်ရွယ်ဖော်ပြခြင်းဖြစ်သည်။ ပဋိပက္ခတွေ ဖုံးနေစဉ်ကာလ         ယခင်ခေတ်အဆက်ဆက် မဆလ၊ န၀တ၊ နအဖ၊ ဦးသိန်းစိန်အစိုးရလက်ထက်တိုင် အစိုးရအကျပ်အတည်းဖြစ်လေတိုင်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခများ ထူးဆန်းစွာ ပေါ်ပေါက်လာလေ့ရှိခဲ့သည်။ အသေးအဖွဲ ပဋိပက္ခမှ အဓိကရုဏ်းကြီးများအထိ ဖြစ်ခဲ့သော သမိုင်းသက်သေသာဓကများအရ ၂ မျိုးသော ပဋိပက္ခဟု ယူဆနိုင်သည်။ ၁) အစိုးရအာဏာစက်တည်ရေးနှင့် အကျပ်အတည်းဖြေရှင်းရေးတို့အတွက် ထွက်ပေါက်ရှာ အာရုံလွဲစေဖို့ ရည်ရွယ် ဖန်တီးခြင်းဖြစ်နိုင်သည့် အခြေအနေ၊ (သို့တည်းမဟုတ်) ၂) ပြည်သူလူထု၏ အခြေအနေခံစားမှုမှ ဖြစ်ပေါ်လာသောအခြေအနေ ဟူ၍ပင်။ ဥပမာ- ၁၉၆၂ ကျောင်းသားအရေးတော်ပုံ၊ တရုတ်-ဗမာအရေးအခင်း၊ ၈၈၈၈ ကျောင်းသား အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ လက်နက်ကိုင်တိုက်ပွဲများ၊ မြန်မာပြည်အနှံ့ ကြိမ်ဖန်များစွာသော ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်သည့် ပဋိပကအဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့သည်။ တခေတ်ချင်းစီ၏ အခြေအနေကို အတိုချုံးသုံးသပ်ရပါလျှင်... ၁) နေဝင်း မဆလ ခေတ် (၁၉၆၂-၁၉၈၈) အကျိုးမျှော်ကိုး ။ အာဏာပါဝါ ရှည်ခိုင်မာရေး P1အမုန်းမျိုးစေ့ ။ ။ အာဏာရှင်နေဝင်း တယောက် မိမိအာဏာပါဝါ ရေရှည်ခိုင်မာစေဖို့ Divide-and-Rule Policy ကိုသုံး "ပြည်သူတွေအကြား အမုန်း"ဆိုတဲ့ မျိုးစေကို စချခဲ့သည်။ ရေသောက်မြစ် ၃ သွယ် ။ တိုင်းရင်းသားများ မစည်းလုံးရေး၊ ဘာသာမတူ လူများစု၊ လူနည်းစုတွေအကြား "ကုလား ဝေါဟာရ" တွင်တွင်သုံးရင်း အနာဂတ်မှာ သင်းကွဲ ဖြစ်လာကြရေး၊ တွန်းလှန်မည့် နိုင်ငံရေးသမားများအား နှိပ်ကွပ်ထားရေး စသည့် ရေသောက်မြစ် ၃သွယ် ပေါ်ပေါက်လာခဲ့သည်။ ပဋိပက္ခလောင်စာရေ ။ ။ နိုင်ငံရေးအကျပ်အတည်း အာဏာထိပါးမှု တစုံတရာ ပေါ်ပေါက်လာတိုင်း ပဋိပက္ခအဓိကရုဏ်း စသည့် လောင်စာရေကို အလျဉ်းသင့်သလို လောင်းရင်း ၂၇ နှစ်တာကာလတစ်ခုကို ဖြတ်သန်းခဲ့သည်မှာ သမိုင်းသက်သေပင်။ ၂) န၀တ၊ နအဖ ခေတ် (၁၉၉၀-၂၀၁၀) အကျိုးမျှော်ကိုး ။ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကို အာရုံလွှဲရေး၊ တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်သည့် Project ကြီးများ အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ အာဏာစက် တည်ရေး။   အမုန်းမျိုးစေ့ ။ အာဏာရှင် နေ၀င်း တစ်ယောက် မိမိအာဏာပါဝါ ရေရှည်ခိုင်မာစေဖို့ Divide-and-Rule Policy ကိုသုံး "ပြည်သူတွေအကြား အမုန်း"ဆိုတဲ့ မျိုးစေ့ကို စချခဲ့သည်။P2 ရေသောက်မြစ် အသွယ်သွယ် ။ တိုင်းရင်းသားမစည်းလုံးမှု ရှည်ကြာရေး၊ ဘာသာမတူ လူများစု၊ လူနည်းစုတွေအကြား အမုန်းတရားအခြေခံသည့် အိမ်ရှင်၊ ဧည့်သည်အသွင် သင်းကွဲလာကြရေး၊ လူနည်းစုဘာသာဝင်များအား နည်းမျိုးစုံသုံး နှိပ်ကွပ်ရေး၊ တွန်းလှန်ရန် ကြိုးစားသည့် နိုင်ငံရေးသမားများအား ဖိနှိပ်ခြေမှုန်းရေး၊ နိုင်ငံ၏ အရေးပါအခန်းကဏ္ဍ များအား တပ်မတော်မှ ရေရှည်ပါဝင်ပတ်သက်နိုင်မည့် အခြေခံဥပဒေ ဖြစ်ပေါ်လာရေး။   ပဋိပက္ခလောင်စာရေ ။ ။ မိမိတို့ အကျိုးမျှော်ကိုးကိစ္စများအား ထိပါးလာတိုင်း ပဋိပက္ခ၊ အဓိကရုဏ်း စသည့် လောင်စာရေကို အလျဉ်းသင့်သလို လောင်းရင်း ၂၀ နှစ်တာ ကာလတခုကို ဖြတ်သန်းခဲ့သည်မှာလည်း သမိုင်းသက်သေပင်။ ၃) ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရ ခေတ် (၂၀၁၀ မှ မတ်လ၊၂၀၁၆) အကျိုးမျှော်ကိုး ။ နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေး၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကို အာရုံလွှဲရေး၊ တရိုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Project များ အောင်မြင်စွာ ရေရှည်လုပ်ဆောင်နိုင်ရေး၊ ခြေဥ ၂၀၀၈ ကို အခြေခံသည့် တပ်မတော် အခန်းကဏ္ဍ အစဉ်အရေးပါစေရေး။ P3ရေသောက်မြစ် အသွယ်သွယ် ။ တိုင်းရင်းသားစည်းလုံးမှုကို ရေမှုတ်တစ်ဖက် မီးစာ တဖက် အထိုက်အလျှောက်ကြိုးစားရေး၊ ဘာသာမတူ လူများစု၊ လူနည်းစုတွေအကြား အမုန်းတရားအခြေခံသည့် အိမ်ရှင်-ဧည့်သည်အသွင် ဆက်လက်ဝါဒဖြန့် သင်းကွဲနေ ကြရေး၊ လူနည်းစုဘာသာဝင်များအား နည်းမျိုးစုံသုံး နှိပ်ကွပ်ထားရေး၊ နိုင်ငံရေးသမား များနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်အား မလျှော့မတင်းထားရေး၊ ခြေဥ ၂၀၀၈ အစဉ်ခိုင်မာနေစေရေး။ ပဋိပက္ခလောင်စာရေ ။ ။ အစိုးရ၏ အကျိုးမျှော်ကိုးကိစ္စများမှ တစုံတရာထိပါးမှု အခြေအနေဖြစ်ပေါ်လာတိုင်း တိုက်တိုက်ဆိုင်ဆိုင် အမျိုးသားရေးဝါဒီ၊ ၉၆၉၊ မဘသ၊ အစွန်းရောက်မျိုးချစ် စသည့်အုပ်စုများ အလျှိုလျှိုပေါ်ထွက်လာကာ နောက်ဆက်တွဲ ပဋိပက္ခ အဓိကရုဏ်းများ ဖြစ်ပေါ်လာခြင်း၊ လက်နက်ကိုင်တိုက်ပွဲများ ပေါ်ပေါက်လာစေခြင်း စသည် တို့ကို မြန်မာပြည်သူများ ခါးစည်းခံ ဖြတ်သန်းခဲ့ရသည်မှာလည်း သမိုင်းသက်သေပင်။ အခါးသီး ။ ။ သာသနာအရောင်စွန်းခံရသဖွယ် နိုင်ငံတကာမှ ရှုမြင်၊ တရားဥပဒေစိုးမိုးမှု အားနည်း         ခေတ်သုံးခေတ် ဖြတ်သန်းခဲ့မှု ပုံရိပ်တွေကို ပြန်လည်ခြုံငုံသုံးသပ်ရလျှင် အကျိုး မျှော်ကိုးမှု ပိုများလာခြင်း၊ ပဋိပက္ခလောင်စာရေ တိုးလာခြင်းတို့ကြောင့် ရေသောက်မြစ် ပိုကြီးထွားလာသည်သာမက အခါးသီးများ ပိုမိုသီးလာခြင်းတို့ကိုပါ စာဖတ်ပရိသတ်တို့ ပုံဖော်နိုင်ပေလိမ့်သည်။  ယခုလို နှစ် ၅၀ ကျော်ကြာ ပြည်တွင်းအခြေအနေတခုလုံး တဖြည်းဖြည်း ယိုယွင်းလာသည့် အနေအထားရောက်နေချိန် အန်အယ်လ်ဒီ ဦးဆောင်သည့် အစိုးရ တက်လာသောအခါ….. ၄) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့အစိုးရ ခေတ် (ဧပြီ/၂၀၁၆-လက်ရှိ) ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အန်အယ်လ်ဒီအစိုးရမှ ၀၁ ဧပြီလ ၂၀၁၆ ရက်နေ့မှ တရားဝင်အစိုးရ ဖြစ်လာခဲ့သည်။   P4အကျိုးမျှော်ကိုး ။ ။ ခေတ်အဆက်ဆက် ပုံ(၁-၂-၃)ပါ အရှိန်များကြောင့် အခါးသီးများပင် ပိုမိုလာသည့် လက်ရှိ ၁ နှစ်တာသော ကာလအတွင်း တိုင်းပြည်၏ ဘက်ပေါင်းစုံ ဒီမိုကရေစီ နည်းကျကျ တိုးတက်ရေး အကျိုးမျှော်ကိုးထားသော အန်အယ်လ်ဒီအစိုးရအတွက် ကြီးမားသော ပြောင်းလဲမှုမျိုး ပြုလုပ်ရန်မှာ လွန်စွာခက်ခဲလှပေသေးသည်။ ပဋိပက္ခရပ် ရေသောက်မြစ်ဖြတ် ။ ။ တနည်းတည်းသော ဖြေရှင်းနိုင်မှုမှ တိုင်းရင်းသား ပြည်သူတရပ်လုံး ဘာသာလူမျိုးပေါင်းစုံ ဥမကွဲသိုက်မပျက် ညီညီညွတ်ညွတ် ဝါးစည်း မပြေဘဲနဲ့ ပဋိပက္ခလောင်စာရေကို သုတ်၊ ရေသောက်မြစ်ကြီးများကို နုတ်မှသာ မြန်မာပြည်ကြီး တိုးတက်မည်ကို သတိပြုဖို့ လိုပါသည်။ အချိုသီး ။ ။ သို့မှသာ စစ်မှန်သည့် Federal Democracy၊ တိုက်ပွဲတွေရပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်မှု၊ ရာဇ၀တ်မှု လျော့နည်းပြီး တရားဥပဒေစိုးမိုးနိုင်မှု စသည့် ဒီမိုကရေစီ အသီးအပွင့်များကို မျှော်ကိုးခံစားနိုင်ပေလိမ့်မည်။         ဆိုတော့ကာ စာရေးသူထပ်လောင်းအကြံပြုလိုတာက ပဋိပက္ခလောင်စာရေ ဆိုသည် အချိန်အတိုင်းအတာတခုတွင် ခြောက်သွေ့ပျက်ပြယ်သွားစမြဲမို့ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဖြစ်စေမည့် လောင်စာဘဝတော့ အဖြစ်မခံပါနှင့်။ ကံ၊ကံ၏ အကျိုးကို ကြောက်ကြပါ။ အာရှကျားဘဝမှ အာရှဖားဘဝသို့ ပြောင်းလဲခံခဲ့ရသော မြန်မာပြည်ကြီးနှင့် ပြည်သူတွေ၏ဘဝကို သနားသောအားဖြင့် ကောင်းသောအကျိုး မျှော်ကိုး ပဋိပက္ခရပ် ရေသောက်မြစ်ဖြတ်ရင်း အချိုသီးတွေ အနာဂတ်မှာ ဝေဆာနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားကြပါစို့.....လို့။။ လောင်စာရေဘဝကို ရှောင်ရှားနိုင်ဖို့ အောက်ပါ "လောင်စာရေ"ကဗျာလေးကိုလည်း သီကုံးပေးလိုက်ပါသည်။ "လောင်စာရေ" အဓိကရုဏ်း ဖန်တီးရေး၊ အထိတ်တလန့် မငြိမ်သက် ဖြစ်စေရေးတို့သည် အာဏာတည်ရေး၊ အကျပ်အတည်း ဖြေရှင်းရေးတို့အတွက်တော့ လောင်စာရေ..ပေါ့။ ဘာသာခြား နှိပ်ကွပ်ရေး၊ အာဏာရှင်ကြိုက် ထင်ရာစိုင်းရေးတို့သည် မျက်ကန်းမျိုးချစ်တို့ ဝမ်းစာအရေး၊ လူပိန်းကြိုက် လုပ်ဆောင်ရေးတို့အတွက်တော့ လောင်စာရေ...ပေါ့။ ပြည်တွင်း မငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးမှု မရှိရေးတို့သည် ဖက်ဒရယ်ဒီမိုကရေစီနှင့် အလှမ်းဝေး၊ ပြည်သူ့ဘဝ ဆုတ်ယုတ်မြဲ ဖြစ်ရေးတို့အတွက်တော့ လောင်စာရေ...ပေါ့။ ဒေါက်တာ သိန်းမိုးဝင်း ၀၇-မေလ-၂၀၁၇ The University of New South Wales (UNSW)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024