မအူပင်စက်မှုဇုန်စီမံကိန်း စတင်အကောင်အထည်ဖော်
ဇေယျာချမ်းအေး
·
May 9, 2017
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ထဲမှာ မအူပင်စက်မှုဇုန်စီမံကိန်းကို စတင် အကောင်အထည်ဖော်တဲ့အနေနဲ့ ပန္နက်တင်အခမ်းအနားကို မေလ ၉ရက်နေ့ မနက်ပိုင်းမှာ ကျင်းပပါတယ်။
မအူပင်မြို့နယ် ညောင်ဝိုင်ကျေးရွာအနီးမှာ Maubin United Developmet ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီ Shanghai Yangdon တို့ ပူးပေါင်းပြီး မအူပင်စက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်တာဖြစ်ပါတယ်။
ဒီစက်မှုဇုန်မှာ အထည်ချုပ်နဲ့ ဆက်စပ်လုပ်ငန်းတွေ အပါအဝင် စက်ရုံပေါင်း ၅၀ ကျော် တည်ဆောက်သွားမှာဖြစ်ပြီး လုပ်သားပေါင်း ၇ သောင်းအထိ အလုပ်အကိုင်ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။