ပရီးမီးယားလိဂ်အသင်း ၄ သင်းထဲတွင် လက်စတာအသင်း ၀င်ငွေအများဆုံး ရရှိ

ဓာတ်ပုံ - ဒေးလီးမေးလ်
  အခုရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အသင်း ၄ သင်းထဲမှာ လက်စတာအသင်းဟာ ၀င်ငွေအများဆုံး ရရှိခဲ့ပြီး စုစုပေါင်း ပေါင် ၆၆ သန်းအထိ ရရှိခဲ့ကြောင်း ဗြိတိန်သတင်းစာ ဒေးလီမေးလ်က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ လက်စတာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်မှာ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရတာပါ။ လက်စတာအသင်းမှာ အခုရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရ ပရီးမီးယားလိဂ်အသင်းတွေးထဲမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့တာ ဖြစ်ပြီး မန်စီးတီးနှင့် အာဆင်နယ်တို့မှာ ရှုံးထွက် ၁၆ သင်း၊ စပါးအသင်းမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပါတယ်။ လက်စတာအသင်းမှာ ဆုကြေး၊ ရုပ်သံထုတ်လွှင့်ခ အပါအ၀င် ၀င်ငွေရရှိမှုမှာ ကျန်သည့်အသင်းများထက် ပိုမိုများပြား ခဲ့ခြင်းဖြစ်ကြောင်း ဒေးလီမေးလ်က ဖော်ပြခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆုကြေးခွဲဝေသောစနစ်မှာ ရှုပ်ထွေးမှုရှိပြီး ပြီးခဲ့သည့်ရာသီ ပြည်တွင်းလိဂ် ပြိုင်ပွဲ၌ ရပ်တည်မှုအပေါ် မူတည်ပြီး ခွဲဝေပေးတာပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာရရှိခဲ့တဲ့ အာဆင်နယ်အသင်းမှာ ပေါင် ၁၆ သန်းကျော်သာ ရရှိခဲ့သလို၊ စပါးအသင်းက ပေါင် ၁၁ သန်း နီးပါးနှင့် မန်စီးတီးအသင်းက ပေါင် ၅ ဒသမ ၄ သန်းသာ ရရှိခဲ့ကြောင်း သိရပါတယ်။ လက်စတာအသင်းဟာ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်ခဲ့တဲ့အတွက် ရုပ်သံထုတ်လွှင့်ခ ပေါင် ၁၇ သန်း ထပ်မံ ရရှိခဲ့ပြီး ရုပ်သံထုတ်လွှင့်ခတစ်ခုတည်းမှာပင် ပေါင် ၃၈ ဒသမ ၇၂ သန်းရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up