Home
မြန်မာသတင်း
ဒိုက်ဦးမြို့နယ်တွင် နေအိမ် ၂ လုံး မီးလောင်
DVB
·
May 6, 2017
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ကျွန်းသုံးပင်ကျေးရွာတွင် မေ ၄ ရက် ညနေပိုင်းက နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒိုက်ဦးမြို့၊ ကျွန်းသုံးပင်ကျေးရွာနေ ဒေါ်ခင်ညိုရဲ့ သွပ်မိုး ထရံကာ ပျဉ်ခင်း နေအိမ် အိမ်နောက်ခန်း မီးဖိုချောင် မီးကြွင်းမီးကျန်ကနေ ကာရံထာတဲ့ ဝါးထရံကို ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ ဒိုက်ဦးမြို့ မ ရဲစခန်းက ပြောပါတယ်။ အိမ်ရှင် ဒေါ်ခင်ညို မရှိခိုက် လောင်ကျွမ်းခဲ့တဲ့မီးဟာ အိမ်ချင်းကပ်လျက်နေ ဒေါ်တင်အောင်ရဲ့ သွပ်မိုး ထရံကာ ပျဉ်ခင်းနေအိမ်ကို ထပ်မံကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၇ သိန်းကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အိမ်ရှင်ဒေါ်ခင်ညိုကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ ဒိုက်ဦးမြို့မရဲစခန်းက မီးပေါ့ဆစွာ အသုံးပြုမှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024