Home
မြန်မာသတင်း
စားသောက်ဆိုင်တွင်း မူးယစ်ဆေးဝါး သုံးစွဲနေသူကို ဖမ်းဆီး
DVB
·
April 24, 2017
ဧပြီလ ၂၃ ရက်နေ့ ညပိုင်းက သထုံမြို့ အောင်သစ္စာစားသောက်ဆိုင်တွင်း အခန်းဝင် ဧည့်သည် တဦးထံက စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ သထုံမြို့မရဲစခန်းက သိရပါတယ်။ မွန်ပြည်နယ် သထုံမြို့ ဘင်လှိုင်ရပ်ကွက်ရှိ အောင်သစ္စာ စားသောက်ဆိုင်တွင်း မူးယစ်ဆေးဝါး သတင်းအရ သထုံခရိုင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေဟာ ဧပြီ ၂၃ ရက်နေ့ ည ၁၀ နာရီကျော်က ၀င်ရောက်ရှာဖွေခဲ့ရာ အခန်းအမှတ်(R-4)အခန်းတွင်းမှာ နန်းခဲရပ်ကွက် ရုံးကြီးလမ်း နေသူ အသက် ၄၂ အရွယ် ကျော်ကျော်ရဲ့ အခန်းစားပွဲပေါ်မှာ Red Ruby ဆေးလိပ်ဘူးအတွင်းမှ အအေးစုပ်ပိုက်နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြားတွေဖမ်းခဲ့တာပါ။ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၂၃ ပြားကို ကျော်ကျော်ဝတ်ဆင်ထားတဲ့ ဦးဂျမ်းတံဆိပ်ပါ မဲပြာရောင်ပုဆိုးအတွင်းဘက်တွင် နှစ်ဘက်တိတ်အပေါ်မှ မီးတိတ်အနက်နဲ့ ထပ်ကပ်ထားတဲ့ စက္ကူခေါက်အတွင်းက အအေးစုပ်ပိုက် ၃ ပိုင်း အတွင်း ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၀ ပြား၊ စုစုပေါင်းဆေးပြား ၅၃ ပြား၊ အလေးချိန် ၅.၃ ဂရမ်လောက်နဲ့ စားပွဲပေါ်မှ ခဲစက္ကူအပိုင်း တရွက်၊ ငွေစက္ကူရောရာ ၅၃၂၀၀ ကျပ်၊ အပြာရောင် ဂတ်စ်မီးခြစ် ၁ လုံး၊ အစိမ်းရောင်ဂတ်စ်မီးခြစ် ၁ လုံး၊ ဆင်းကတ် ၂ ခုပါ Huawei  အနက်ရောင် လက်ကိုင်ဖုန်းတလုံး၊ ဆင်းကတ် ၁ ခုပါ Samsung အဖြူရောင် ဖုန်းတလုံးနဲ့ စီးနှင်းလာတဲ့ Honda Dream အနက်ရောင်ဆိုင်ကယ်တစီးကို ဖမ်းဆီးသိမ်းဆည်းခဲ့တယ်လို့ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ အမှုနှင့် ပတ်သက်ပြီး ကျော်ကျော်ကို သထုံမြို့မရဲစခန်းမှ မယ(ပ)၃/၂၀၁၇၊ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ သထုံမြို့မရဲစခန်းက အမှု ဖွင့်လှစ်ထားကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ရဲစခန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024