Home
မြန်မာသတင်း
ဦးမျိုးရန်နောင်သိန်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်
DVB
·
April 12, 2017
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံခဲ့ရပြီး အလုပ်နဲ့ထောင်ဒဏ် ၆ လ ကျခံခဲ့ရတဲ့ ဦးမျိုးရန်နောင်သိန်းဟာ ဒီကနေ့ ဧပြီ ၁၂ ရက် မနက် ၈ နာရီကျော်လောက်က အင်းစိန်  အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ မေလ ၃ ရက်နေ့မှာ ပြန်လည်လွတ်မြောက်ရမှာဖြစ်ပေမယ့် ချုပ်ရက်နဲ့ သင်္ကြန်ပိတ်ရက် လျှော့တာတွေကြောင့် ၅ လနဲ့ ၉ ရက်မြောက်နေ့မှာ ပြန်လည်လွတ်မြောက်လာတာပါ။ သူ့ကို ဧပြီ ၇ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၆ လ ကျခံဖို့အတွက် ကမာရွတ်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာချုပ်က တရားစွဲထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024