ထိုင်းရိုးရာ နှစ်သစ်ကြို သင်္ကြန်ပွဲတော် ဆင်နွှဲသည့် ချစ်စရာ ဆင်ကြီးများ (ရုပ်သံ)

ထိုင်းနိုင်ငံ ရှေးဟောင်းမြို့တော် အယုဒ္ဒယမှာ ရိုးရာနှစ်သစ်ကြို သင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ ရက်နေ့မှာ ဆင်ကြီးတွေနဲ့ ကြိုဆိုကျင်းပခဲ့ကြပါတယ်။ ဆင်ကြီးတွေဟာ ပွဲတော်တက်ရောက်လာသူတွေကို နှာမောင်းတွေနဲ့ ရေတွေဖျန်းပက်ကာ ကျီစယ်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဆုန်ကရန်ရိုးရာသင်္ကြန်ပွဲတော်ဟာ ထိုင်းနိုင်ငံမှာ ဧပြီ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နှစ်စဉ်ကျင်းပနေကျ ပွဲတော်တခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ ပွဲတော်တခုပါ။ ဆုန်ကရန်သင်္ကြန်ပွဲတော်တွင်း လူကြီးလူငယ်မရွေး တဦးနဲ့တဦး ရေပက်ဖျန်း ကစားကြတာဖြစ်ပြီး နှစ်ဟောင်းက မကောင်းတဲ့ကံတွေကို သင်္ကြန်ရေနဲ့ ပက်ဖျန်းဆေးကြောပြီး မင်္ဂလာရှိတဲ့နှစ်သစ်ကို ကြိုဆိုတာလို့ ထိုင်းလူမျိုးတွေက ယုံကြည်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up