စင်ကာပူတွင် ကျင်းပသည့် မြန်မာ့သင်္ကြန်ပွဲတော် (ရုပ်သံ)

စင်ကာပူနိုင်ငံ တိုပါးရိုးအရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတိုက်မှာ ဧပြီ ၉ ရက် မနက်က စင်ကာပူရောက် မြန်မာတွေ ၂၀၁၇ မဟာသင်္ကြန် နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့ပါတယ်။ သင်္ကြန်ပွဲတော်မှာ မြန်မာ့ရိုးရာ အစားအစာ မုန့်ဟင်းခါး၊ ကြာဇံ၊ မုန့်လုံးရေပေါ် စတဲ့ မုန့်တွေအပြင် ရေခဲမုန့်နဲ့ တခြားမုန့်မျိုးစုံကို စတုဒီသာ ကျွေးမွေးဒါနပြုခဲ့ကြပြီး ထောင်နဲ့ချီတဲ့ စင်ကာပူရောက် မြန်မာအသိုက်အဝန်းက ပျော်ရွှင်စွာ သင်္ကြန်ပွဲတော် ဆင်နွှဲခဲ့ကြပါတယ်။ သတင်း - မင်းရဲစစ်နိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up