ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ကေအန်ယူဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်
DVB
·
April 8, 2017
ဒီနေ့ကျင်းပတဲ့ ကေအန်ယူကွန်ဂရက်ကနေ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးကိုပဲ ပြန်လည်ရွေးကောက်တင်မြှောက်လိုက်ကြပါတယ်။
ကေအန်ယူ ဥက္ကဋ္ဌနေရာကလွဲပြီး ကျန်တဲ့ထိပ်ပိုင်းခေါင်းဆောင်နေရာတွေ အပြောင်းအလဲ ရှိခဲ့ပြီး ဒုဥက္ကဋ္ဌနေရာကို အရင် အထွေထွေအတွင်းရေးမှု ပဒိုကွယ်ထူးဝင်းက ရရှိပါတယ်။
အထွေထွေအတွင်းရေးမှူးအဖြစ် ပဒိုစောတာဒိုမူး၊ တွဲဘက်အတွင်းရေးမှူး ၁ အဖြစ် ပဒိုစောဆဲပွယ် ခေါ် စောစတိဖ်၊ အတွင်းရေးမှူး ၂ အဖြစ် ပဒိုစောလှထွန်းတို့ကို ကွန်ဂရက်က ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။
အရင် ကေအန်ယူဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ၂ နေရာ အပြောင်းအလဲ ရှိခဲ့ပြီး ခေါင်းဆောင်ပိုင်းအပြောင်းအလဲဟာ ငြိမ်းချမ်းရေးလိုလားတဲ့ အပြောင်းအလဲတခုအဖြစ် အများစုက ရှုမြင်ကြပါတယ်။