ဗိုလ်ချုပ်ကြေးရုပ်တုပေါ် တက်သည့် စိတ်မနှံ့သူကို ဒေသခံများ ၀ိုင်းဝန်းဖမ်းဆီး (ရုပ်သံ)
DVB
·
April 7, 2017
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မြို့လယ်လမ်းဆုံ အာဇာနည်ရင်ပြင်အတွင်းမှာ ဒီနေ့မနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်တုပေါ် တက်ပြီး မတ်တပ်ရပ်သူတစ်ဦးအား တောင်တွင်းကြီးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပါတယ်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တုပေါ်တက်ခဲ့တဲ့သူဟာ ဆင်ပေါင်ဝဲမြို့နယ် ညောင်ခြေထောက်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မျိုးမင်းနိုင် ဖြစ်ကြောင်းသိရပြီး၊ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့စခန်းက ထိန်းသိမ်းစစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။
မျိုးမင်းနိုင်ဟာ စိတ်မနှံ့သူတယောက်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့် ပွဲတုန်းက ဗိုလ်ချုပ်အကြောင်း စာအုပ်တအုပ်ကို ၀ယ်ယူလာခဲ့ရာကနေ သူ့ကိုယ်သူ ဗိုလ်ချုပ်အောင်ဆန်းလို့ မကြာခဏ စိတ်ဖောက်တတ်ကြောင်း၊ ဘယ်ပါတီ ဘယ်နိုင်ငံရေးမှ မသိရှိပါကြောင်း သူ့ရဲ့မိခင်ဖြစ်သူ ဒေါ်စန်းရီက ပြောဆိုပါတယ်။
ရုပ်သံရိုက်ကူး - ဗိုလ်ပြည့်