ကေတီဗွီဆိုင်မီးလောင်မှု၌ သေဆုံးသွားသည့် အမျိုးသမီး၃ဦး၏အလောင်းကို မီးသင်္ဂြိုဟ်
DVB
·
April 5, 2017
မကွေးတိုင်း မကွေးမြို့ ရွှေမြတ်မင်းသမီး ကာရာအိုကေဆိုင် မီးလောင်မှုမှာ ပိတ်မိသေဆုံးခဲ့တဲ့ အမျိုးသမီးရုပ်အလောင်း (၃) လောင်းကို ချမ်းမြေ့သာယာ သုသာန်မှာ ဒီကနေ့ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
မီးလောင်မှုမှာ သေဆုံးသွားသူတွေထဲက (၁၁)ဦးကိုတော့ ဧပြီ (၄)ရက်နေ့က မီးသင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။
ဧပြီ ၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ရွှေမြတ်မင်းသမီးကာရာအိုကေဆိုင် မီးလောင်မှုမှာ တပ်မတော်သား ၂ ဦးအပါဝင် စုစုပေါင်းလူ ၁၅ ဦး မီးလောင်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
မီးလောင်မှုအတွင်းမှာ ပိတ်မိပြီးဒဏ်ရာရခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ မကွေး ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။