Home
မြန်မာသတင်း
ကသာ-အင်းတော်ကားလမ်းအနီး ဘိန်းဖြူ ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
March 24, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်လမ်းခွကျေးရွာအနီး ဆိုင်ကယ်နဲ့ သယ်ဆောင်လာတဲ့ ဘိန်းဖြူ ကျပ်သိန်း ၁၀၀ ကျော်ဖိုးကို မတ်လ ၂၃ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့  ဒုရဲမှူး မြင့်နိုင်ဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ ဒုရဲမှူး မြင့်နိုင်ဦး ဦးဆောင်တဲ့အဖွဲ့ဟာ  သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေချိန် ကသာမြို့ကနေ အင်းတော်ဘက်ကို ချိုဦး မောင်းနှင်လာတဲ့ ကန်ဘို 125 အနက်ရောင်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ချိုဦးဝတ်ဆင်ထားတဲ့ ဂျာကင်အင်္ကျီကြား သိုဝှက်သယ်ဆောင်လာတဲ့ LOVE IS FLOWER စာတမ်းပါ ရောင်စုံဆပ်ပြာခွက်အတွင်း ပလပ်စတစ်အကြည်နဲ့ထုပ်ထားတဲ့ အလေးချိန် ၁၂ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၁၂ ခွက် ကာလတန်ဖိုး ၁၄၄ သိန်းကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဒုရဲမှူး မြင့်နိုင်ဦးက ပြောပါတယ်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ချိုဦး ကို ကသာမြို့မရဲစခန်းက မယ(ပ)၁၀/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024