Home
မြန်မာသတင်း
လောက်ကိုင်တိုက်ပွဲပြင်းထန်၊ လက်​နက်​ကြီးများ တရုတ်​ဘက် ကျရောက် (ရုပ်သံ)
DVB
·
March 23, 2017
လောက်ကိုင်ဒေသမှာ ဒီနေ့ မတ်လ ၂၂ရက်နေ့က တိုက်ပွဲ ပိုမိုပြင်းထန်လာခဲ့ပြီး နန်းဆန်- မုန်းတိန်းလမ်းမကြီးပေါ်မှာ လက်နက်ကြီး အမြောက်အမြား ကျရောက်ခဲ့တဲ့အတွက် အဲလမ်းမကြီးကို လုံခြုံရေးချထားပြီး လမ်းကို ပိတ်ထားခဲ့ရတယ်လို့ နန်းဆန်သတင်းဌာန ကွမ်ပေါကျွေမှာ ဖော်ပြထားပါတယ်။ "အိုး..ကျတာတော့ အများကြီးပဲ ဘယ်ရေတွက်နိုင်တော့မှာလဲ။ ကျတာက အဲနယ်စပ်ကျော်ပြီး တရုတ်ပြည်ဘက် ၂ မိုင်ကျော်မှာကျတာ။ အဲဒီ နန်းဆန်-မုန်းတိန်းလမ်းမကိုလည်း သူတို့ပိတ်ထားတယ်။ ကျနော်တောင်မှ အဲသတင်းတွေကို သိချင်လို့ သွားလိုက်တာ။ သူတို့ကိုလည်း ဟိုပြောဒီပြောတော့ သူတို့က ပေးသွားလိုက်တာ။" "ခါတိုင်း ဒီလမ်းကို ၁ နာရီပဲမောင်းတယ်။ ဒီနေ့ ၄ နာရီမောင်းရတယ်။ လက်နက်ကြီးတွေကျလို့ နားလိုက်သွားလိုက်လုပ်နေရတာ။ အဲကြားထဲမှာလည်း တရုတ်စစ်သားတွေက လုံခြုံရေး လုပ်နေတယ်လေ" လို့ နန်းဆန် ဒေသခံတစ်ဦးဖြစ်သူ ဝမ်အိုက်တင်က ပြောပါတယ်။ မိုင် ၄၀ ရှိတဲ့ နန်းဆန်-မုန်းတိန်းလမ်းမကြီးပေါ်မှာ ၁၀ မိုင်ခြား၊ ၁၀မိုင်ခြားကို တရုတ်လုံခြုံရေးကင်း တည်ဆောက်ထားပြီး လက်နက်ကြီး ကျရောက်တဲ့ နေရာတွေကိုလည်း တရုတ်စစ်သား အယောက် ၂၀ ကျော်လောက် ပြည်သူ့လုံခြုံရေး လိုက်လံဆောင်ရွက်နေတယ်လို ဆိုပါတယ်။ "ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲပြင်းထန်တယ်။ လက်နက်ကြီးလည်း ကျတယ်။ ဒါပေမယ့် သူတို့ တိုက်လိုက် နားလိုက်လုပ်တယ်။ ဒီနေ့တော့ တရုတ်နာရီ မနက် ၇ နာရီကနေ ည ၇နာရီအထိ အပြင်းအထန်ပဲ။ အဲကြောင့် ပြောတာ တရုတ်ပြည်ဘက်ကို လက်နက်ကြီးကို ဘယ်လောက်ရှိမှန်းကို မသိတော့ဘူ။" လို့ သူက ဆက်ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024