Home
မြန်မာသတင်း
လက်နက်ကိုင်ကိုးကန့်တပ်ဖွဲ့၏ ဘဏ်အကောင့်ကို တရုတ်ပိတ်သိမ်း
DVB
·
March 22, 2017
တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ လက်နက်ကိုင်ကိုးကန့်တပ်ဖွဲ့ရဲ့ ဘဏ်အကောင့်တခုကို တရုတ်နိုင်ငံ စိုက်ပျိုးရေးဘဏ် (AgBank) က ပိတ်သိမ်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ မြန်မာအစိုးရစစ်တပ်တွေနဲ့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲတွေဖြစ်နေခဲ့တဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) ရဲ့ ထောက်ပံ့လှူဒါန်းသူတွေဆီက လှူဒါန်းသူတွေဆီက ငွေတွေကို လက်ခံဖို့ ဖွင့်လှစ်ထားတဲ့ ဒီအကောင့်ထဲကို နောက်ထပ်ငွေကြေးတွေကို လက်ခံတော့မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံရဲ့ အကြီးဆုံးငွေကြေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ တရုတ်နိုင်ငံ စိုက်ပျိုးရေးဘဏ် (AgBank) က ဆိုပါတယ်။ ဒါဟာ တရုတ်-မြန်မာ ၂ နိုင်ငံကြား သံတမန်ဆက်ဆံရေး ယိုယွင်းလာမှုကို ပြန် လည်တည်ဆောက်ဖို့ လုပ်ဆောင်ချက်တခုဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ချီးကျူးခဲ့တာပါ။ အကြမ်းဖက်မှုတွေနဲ့ ရာဇ၀တ်မှုတွေ ထွန်းကားလာမှုကို ထောက်ပံ့ပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဆိုင်ရာစနစ်ကို ရပ်တန့်နိုင်ဖို့ ထိန်းချုပ်တဲ့နေရာမှာ အားနည်းချက်တွေရှိနေပြီး ငွေကြေးလွှဲပြောင်းမှုတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက ထောက်ပြနေခဲ့အပြီးမှာ ခုလိုထွက်ပေါ်လာခဲ့တာပါ။ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရသူ သမ္မတရုံးမှ တာဝန်ရှိသူ ဦးဇော်ဌေးက “ခုလို အရေးယူမှုကို ကျနော်တို့ ကြိုဆိုပါတယ်။ နှစ်ဘက်နိုင်ငံ နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေနဲ့ ငြိမ်းချမ်းမှုဟာ အလေးပေးစရာတခုပါပဲ။ ဒါဟာ တရုတ်ဘက်က အပြုသဘော ဆောင်တဲ့ လုပ်ဆောင်ချက်တခုပါပဲ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်နီးပါး ကာလအတွင်းမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ဟာ တရုတ်နိုင်ငံ စိုက်ပျိုးရေးဘဏ် (AgBank) မှတဆင့် အမေရိကန်ဒေါ်လာ ၅ သိန်းကျော်ကို လွှဲပြောင်းရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ မနေ့က တွေ့ဆုံချိန်မှာ နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကာ တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းမှုရရှိအောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်နိုင်မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်စပ် မိုင်တိုင်အမှတ် ၁၂၅၊ ၁၂၆ မှာ ဒီနေ့ မနက်ကလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024