Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် တရားမဝင် ကျွန်းခွဲသားများ ဖမ်းမိ
DVB
·
February 28, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ကျောက်တန်းလမ်းအသုံးပြုခ ကောက်ခံရေးဂိတ်အနီးမှာ ၆ ဘီးယာဉ် ၂စီးပေါ်က တရားမဝင် ကျွန်းခွဲသားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မနက်က ကျောက်တန်းလမ်းအသုံးပြုခ ကောက်ခံရေး ဂိတ်အနီးမှာ ယာဉ်မောင်း ဦးမောင်ဝင်းနဲ့ ယာဉ်နောက်လိုက် ထိပ်တန်းမောင်တို့ မောင်းနှင်လာတဲ့ HYUNDAI (၆)ဘီးကားပေါ်မှာ ပဲစင်းငုံအိတ်၊ နှမ်းဖတ်အိတ်နဲ့ ကြက်ဥကပ်ခွံတွေ ဖုံးအုပ်ပြီး တရားမဝင် တင်ဆောင်လာတဲ့  ကျွန်းခွဲသား ၇၃ ချောင်း (၀ ဒသမ ၉၄၀၀)တန်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်မောင်း ဖြိုးဝေကျော်နဲ့ ယာဉ်နောက်လိုက် နေထက်ဦးတို့ လိုက်ပါမောင်းနှင်လာတဲ့ MITSUBISHI CANTER အမျိုးအစာ ၆ ဘီး ကားပေါ်ကလည်း ပဲစင်းငုံအခွံချွတ်အိတ်တွေနဲ့ ဂျပ်ဖာတွေ ဖုံးအုပ်ပြီး တရားမဝင်တင်ဆောင်လာတဲ့ ကျွန်းခွဲသား ၆၉ ချောင်း (ဝ ဒသမ ၈၃၀၀)တန် ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် ကျွန်းခွဲသားတွေနဲ့ပတ်သက်ပြီး ကောလင်းမြို့မ ရဲစခန်းမှာ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024