တောင်ကိုရီးယားသမ္မတနေရာအတွက် ဘန်ကီမွန်း ဝင်ရွေးခံမည်မဟုတ်ဟု ကြေညာ

ဓာတ်ပုံ - ရိုက်တာ
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက သူ တောင်ကိုရီးယားသမ္မတ နေရာအတွက် ဝင်အရွေးမခံဘူးလို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာပါတယ်။ ဆိုးလ်မြို့တော် လွှတ်တော်မှာ ကြိုတင်မစီစဉ်ဘဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဘန်ကီမွန်းက အခုလို ကြေညာခဲ့တာပါ။ တောင်ကိုရီးယားနိုင်ငံမှာ ကိုယ်ကျိုးပဲကြည့်တဲ့ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေး အပြောင်းအလဲလုပ်ဖို့၊ နိုင်ငံစည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ဖို့ သိပ်အဓိပ္ပာယ်မရှိဘူး၊ ဒါကြောင့် အဲဒီလိုရည်မှန်းထားတာကို ဖျက်သိမ်းလိုက်တယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။ လတ်တလော လူထုစစ်တမ်းတွေအရ ဘန်ကီမွန်းဟာ တောင်ကိုရီးယားသမ္မတရာထူးအတွက် ဒုတိယရေပန်းအစားဆုံး ဖြစ်ပါတယ်။ သူ အခုလိုကြေညာလိုက်တဲ့အတွက် တောင်ကိုရီးယားပြည်သူတွေ အံ့သြကြမယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up