ဆန်းဒါးလန်းနောက်ခံလူ ဗန်အန်ဟောကို ခရစ္စတယ်ပဲလေ့စ် ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်က ဆန်းဒါးလန်းအသင်း နောက်တန်းကစားသမား ပက်ထရစ်ဗန်အန်ဟောကို လက်မှတ်ရေးထိုး ခေါ်ယူလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် နောက်တန်းကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းလောက် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပြီး ၄ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ နယ်သာလန်လက်ရွေးစင် ဗန်အန်ဟောဟာ ဆန်းဒါးလန်းအတွက် ပွဲပေါင်း ၉၅ ပွဲ ကစားပေးထားပါတယ်။ ပဲလေ့စ်နည်းပြ ဆမ်အလာဒိုက်စ်ကတော့ သူ့အသင်း နောက်တန်းမှာ ဂိုးတွေပေးနေရတာကို ကာကွယ်ဖို့အတွက် ခေါ်လိုက်တာလို့ ပြောပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လောလောဆယ် တန်းဆင်းဇုန်ထဲက အမှတ်ပေးဇယားရဲ့ အဆင့် ၁၈ မှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up