ပီရူးတွင် ကြောက်မက်ဖွယ် ရွှံ့မြေများပြိုကျ၊ ကားတစီး မျောပါပြီး ကုန်ကားကို ၀င်တိုက် (ရုပ်သံ)

ပီရူးနိုင်ငံတောင်ပိုင်းမှာ ရွှံ့မြေတွေ ပြိုကျလို့ ကြာသပတေးနေ့က လူ ၃ ဦး စီးလာတဲ့ ကားတစီး မျောပါပြီး ကုန်ကားတစီးကို တိုက်မိခဲ့ပါတယ်။ ဒါကြောင့် လူ ၃ ဦး သေဆုံးပါတယ်။ ပီရူးနိုင်ငံအတွင်း မိုးကြီးလို့ ရေလွှမ်းမိုးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာပါ။ ကားရပ်ထားတဲ့ တောင်ပေါ်မှာ မိုးကြီးလို့ ကျောက်ခဲတွေနဲ့ မြေသားတွေ ပြိုဆင်းလာခဲ့ပါတယ်။ အလောင်းတွေကို သောကြာမနက်မှာ ဖယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ အခင်း ဖြစ်ပွားရာ ပါနာမေရိကာနာဆော်ရ် အဝေးပြေး လမ်းပေါ်မှာ ရွှံ့နဲ့ ကျောက်ခဲတွေ ၃ ပေကျော်ထိ စုပုံနေတဲ့ ကြားမှာ ကားအတော်များများ ပိတ်မိနေခဲ့ပါတယ်။ မိုးတွေကြောင့် လူအယောက် ၃ သောင်းကျော် မိုးဒဏ် ခံခဲ့ရတယ်လို့ ဒေသခံ မီဒီယာက ကြာသပတေးနေ့မှာ အစီရင်ခံပါတယ်။ မြစ်ကမ်းပါး အတော်များများ ကျိုးပေါက်ခဲ့ပါတယ်။ ပိုဆိုးတဲ့ ရာသီဥတုအတွက် ပြင်ဆင်ထားဖို့ အာဏာပိုင်တွေက ဒေသခံတွေကို ပြောထားပါတယ်။ နိုင်ငံတလွှား ရေဘေးကြောင့် အိမ် ၁၀၃ လုံး ပြိုကျပြီး ၁၉၂လုံး လုံးဝပျက်စီးတယ်။ အဆောက်အဦ ၇၁၂၄ လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ အမျိုးသား အရပ်ဘက် ကာကွယ်ရေး သိပ္ပံ (Indeci) က အစီရင်ခံခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up