ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းဖြင့် ကျင်းပရန် ဖီဖာဥက္ကဋ္ဌ စိတ်အားထက်သန်

ဓာတ်ပုံ - Getty Images
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖာတီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်း ၄၈ သင်း ပါဝင်တဲ့ အစီအစဉ်လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒီလအစောပိုင်းက ကမ္ဘာ့ဖလားပြိင်ပွဲမှာ ၁ အုပ်စုကို ၃ သင်းစီနဲ့ ၁၆ အုပ်စုခွဲပြီး ယှဉ်ပြိုင်ဖို့ ဖီဖာအုပ်ချုပ်မှုအဖွဲ့အတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။ ၁၆ အုပ်စုထဲမှာ အုပ်စုဗိုလ်ဖြစ်တဲ့ အသင်းတွေက နောက်တဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ သတ်မှတ်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှေ့လ ဇန်နဝါရီ ၉ ရက်နေ့မှာလုပ်မယ့် အစည်းအဝေးကျရင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိပုံစံဖြစ်တဲ့ ၃၂ သင်းပုံစံကိုတော့ လာမယ့် ၂၀၂၆ မတိုင်ခင်အထိ ဖျက်သိမ်းဖို့ အလားအလာ နည်းနေပါတယ်။ ဖီဖာဟာ နောက်ဆုံးအနေနဲ့ ၁၉၉၈မှာ ပြိုင်ပွဲဝင်အသင်း အရေအတွက်ကို ၂၄ သင်းကနေ ၃၂ သင်းအထိ တိုးမြှင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up