Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အား ဈေးသက်သာစွာဖြန့်ဖြူးနိုင်မည့် ဓာတ်အားပေးစက်ရုံ ရေးတွင် စတင်တည်ဆောက်
DVB
·
December 22, 2016
မွန်ပြည်နယ် ရေးမြို့နယ်ထဲက ကလော့ကျေးရွာကို မီးဖြန့်ဖြူးနိုင်ဖို့ လောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနဲ့ ဓာတ်အားလိုင်း စတင်တည်ဆောက်တဲ့အခမ်းအနားကို ဒီနေ့ မနက်ပိုင်းက မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦးက တက်ရောက်ဖွင့်လှစ်ခဲ့ပေးပါတယ်။ အဆိုပါ F.O လောင်စာသုံး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအစီအစဉ်ကို အရှေ့တောင် အထွေထွေ စွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGER) က လုပ်ဆောင်နေတာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလ ဝက်လောက်မှာ စတင်ဖြန့်ဖြူးမှာပါ။ လျှပ်စစ်မီးစတင်ဖြန့်ဖြူးမယ့် ကလော့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗျတ္တက “လက်ရှိမှာ ဒီဇယ်အင်ဂျင်ဖြင့် မီးလင်းရေးကော်မတီက ညနေ ၅ နာရီကနေ ည ၁၁ နာရီထိတကြိမ် မနက် ၄ နာရီကနေ ၇ နာရီထိ တကြိမ် တနေ့ ၁ ကြိမ် မီးတစ်ယူနစ် ၆၅၀ ကျပ်ဖြင့်သုံးစွဲနေရတာဖြစ်ပြီး ယခုတည်ဆောက် တပ်ဆင်ရေးလုပ်ငန်းများ ပြီးစီးပါက ၂၄ နာရီမီးလင်းမယ့်အပြင် မီတာခလည်း ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်မှာဖြစ်လို့ ဒေသဖွံ့ဖြိုးရေးအတွက်များစွာအထောက်ကူဖြစ်တယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။ မီးလင်းရေးအတွက် စတင်တည်ဆောက်နေတဲ့ နေရာနဲ့အနီးဆုံးဖြစ်တဲ့ ကလော့ ကျေးရွာကို မီးစတင် ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ လျှပ်စစ်မီးမရရှိသေးတဲ့ ရေးတောင်ပိုင်းနဲ့ မြောက်ပိုင်းကျေးရွာ တွေကို မီးဆက်လက်ဖြန့်ဖြူးမယ်လို့လည်း သိရပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024