Home
မြန်မာသတင်း
ပြည်တွင်းစစ် ရပ်ဆိုင်းရန် အလံဖြူကိုင် လမ်းလျှောက်ဆန္ဒပြမည်
အာကာ
·
November 29, 2016
ပြည်တွင်းစစ်တွေ ရပ်ဆိုင်းပေးဖို့ အလံဖြူကိုင် လမ်းလျှောက်ဆန္ဒပြတဲ့ လှုပ်ရှားမှု ဒီဇင်ဘာလ ပထမပတ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြုလုပ်မယ့် ဒီလှုပ်ရှားမှုကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမအထိ လမ်းလျှောက်ချီတက် လှုပ်ရှားကြမှာပါ။ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ကိုမြတ်ကျော်က “ပြည်တွင်းစစ်ရပ်ဖို့ကို ပြည်သူ အားလုံး ဆန္ဒရှိမှာပါ။ ဒါပေမယ့် အားလုံးပါဝင်ဆန္ဒဖော်ထုတ်ဖို့တော့ အခက်ခဲရှိနိုင်ပါတယ်။ အဲဒီ့အတွက် ပြည်သူအားလူံးပါဝင်နိင်မယ့် လှုပ်ရှားမှုတခုအနေနဲ့ မည်သူမဆို ကိုယ့်အိမ်၊ ကား နောက်ဆုံး ထမင်းချိုင့်လေးတွေမှာပါ အလံဖြူ ဒါမှမဟုတ် အဝတ်ဖြူလေးတွေစည်းပြီး ပြည်တွင်း စစ် ရပ်စဲရေးကို ထောက်ခံကြောင်း ဆန္ဒပြုတဲ့အနေနဲ့ ပါဝင်လုပ်ပေးစေချင်ပါတယ်”လို့ ပြောပါ တယ်။ ဒီလှုပ်ရှားမှုနဲ့ပတ်သတ်ပြီး ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ရှင်းလင်းပြောဆို ခဲ့ကြပါတယ်။ လမ်းလျှောက်ဆန္ဒဖော်ထုတ်ဖို့အတွက် သက်ဆိုင်ရာ အားလုံးကို ခွင့်ပြုချက်တင်ထားပြီး လက်ရှိမှာ လူအင်အား ၂၀၀ တင်ထားတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024