Home
မြန်မာသတင်း
ဒီကေဘီအေ ဖမ်းဆီးထားသော ထိုင်းလူငယ် ၉ ဦး ပြန်လွှတ်ပေး
DVB
·
November 18, 2016
တန်ဆောင်တိုင် လွိုင်ကထုန်းမီးဖောင်မျှောပွဲမှာ မြန်မာလူငယ်တွေနဲ့ ထိုင်းလူငယ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ဒီကေဘီအေ ကရင်လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ထိုင်းလူငယ် ၉ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံတွင်း မီးဖောင်မျှောပွဲကျင်းပစဉ် အသက် ၁၇ နှစ်နဲ့ ၂၀ ကြား ထိုင်းလူငယ် ၉ ဦးဟာ ဖုတ်ဖရမြို့နယ်ဘက်ကနေ မြန်မာဘက်ခြမ်း မြဝတီခရိုင် ဝေါ်လေမြို့နယ်ဘက်ကို ကူးသွားပြီး မြန်မာဘက်ခြမ်းက လူငယ် ၃၀ ဦးနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရန်ဖြစ်ရတဲ့အကြောင်းကိုတော့ မသိရဘဲ ထိုင်းလူငယ်တွေဘက်က စတင်စိန်ခေါ် ထိုးနှက်ခဲ့တာကြောင့် အဆိုပါ ထိုင်းလူငယ်တွေကို ဒီကေဘီအေတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဖုတ်ဖရမြို့နယ်မှူးကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ ဖုတ်ဖရမြို့နယ်မှူး နိုင်းပရဆုန် လအွန်ကလည်း ဒေသခံတချို့နဲ့အတူ နိုဝင်ဘာ ၁၇ ရက်က ဝေါ်လေဘက်ကို သွားရောက်ပြီး ဝေါ်လေအုပ်ချုပ်ရေးမှူး ဦးအောင်မြနဲ့ တွေ့ဆုံကာ ထိုင်းလူငယ်များရဲ့ လုပ်ရပ်အတွက် ပြန်တောင်းပန်ပြီး လူငယ်တွေကို ပြန်လည်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024