Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် တရားမဝင်သစ်ခွဲသားများ ဖမ်းမိ
DVB
·
November 17, 2016
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ သစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ကသာခရိုင် သစ်တောဦးစီးဌာနမှ လ/ထ ညွှန်ကြားရေးမှူး ဦးဆောင်တဲ့ သစ်တောနဲ့ ရဲ ပူးပေါင်းအဖွဲ့က ကောလင်းမြို့အဝင်မှာ သဲကျောက်တွေ ဖုံးအုပ်ပြီး သယ်ဆောင်လာတဲ့ NJP - ၆ ဘီးကားကို ရှာဖွေရာမှ တရားမဝင်ကျွန်းသစ်နဲ့ ပျဉ်းကတိုး သစ်ခွဲသား ၁ ဒသမ ၄၇၄၈ တန်ခန့် ရှာဖွေဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ “ဒီသစ်တွေကို သယ်ယူလာတဲ့ လမ်းကြောင်းက ပင်လယ်ဘူးမြို့နယ်ဘက်က သယ်နေကြတာပါ။ အခုလို စပါးရိပ်သိမ်းချိန်မှာ စပါးအိတ်တွေ၊ ဖွဲအိတ်တွေ ဖုံးအုပ်ပြီး သယ်ယူနေကြတာပါ။ သယ်လာတဲ့ကားတွေကို သတိထားမိလာတဲ့အတွက် ပုံစံပြောင်းအနေနဲ့ သဲကျောက်တွေဖုံးပြီး သစ်ခွဲသားသယ်လာတဲ့ကားကို ဖမ်းဆီးလိုက်တာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။ အမှုဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမဝင်သစ်ခွဲသားတွေ တင်ဆောင်လာတဲ့ ပင်လယ်ဘူးမြို့နယ် ဝဲလာကျေးရွာမှာနေထိုင်တဲ့ ယာဉ်မောင်း မြင့်ဇော်ထွန်းကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးမှု ဥပဒေပုဒ်မ ၆/၁ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ကသာခရိုင် သစ်တောဦးစီးဌာနမှ သိရပါတယ်။ သီဟဆွေ (ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024