အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဟီလာရီကလင်တန် အသာစီးပြန်ရ

နိုဝင်ဘာ ၈ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ မဲရလဒ်တွေကို စတင် ရေတွက်နေရာမှာ မြန်မာစံတော်ချိန် မနက် ၁၀ နာရီခွဲအချိန် နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ  ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်က ၁၉၀ မဲ၊ ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ကိုယ်စားလှယ်မဲ ၁၇၁  နဲ့ ဟီလာရီကလင်တန် အသာစီး ပြန်လည်ရရှိခဲ့ပါတယ်။ အမေရိကန် ရွေးကောက်ပွဲစနစ်အရ ပြည်နယ်တခုချင်းစီမှာ လူဦးရေနဲ့ အချိုးကျရှိနေတဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်မဲ Electoral Vote ၅၃၈ မဲအနက် သမ္မတလောင်းတဦးက အနိုင်ရဖို့ စုစုပေါင်း ၂၇၀ ရရှိဖို့ လိုအပ်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up