ရန်ကုန်မြို့က လိုင်စင်မဲ့ တရုတ်တိုင်းရင်းဆေးခန်းများကို ဖမ်းဆီးမည်
DVB
·
October 13, 2016
ရန်ကုန်မြို့လယ် ၆ မြို့နယ်မှာဖွင့်လှစ်ထားတဲ့ တရုတ်တိုင်းရင်းဆေးခန်းတွေဟာ လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖမ်းဆီးအရေးယူသွားမယ် လို့ လူမှုရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အောက်တိုဘာ ၁၃ ရက်နေ့မှာပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဌမနေ့မှာ တရုတ်တိုင်းရင်းဆေးခန်းတွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းရာမှာ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက အခုလို ဖြေဆိုခဲ့တာပါ။
တရုတ်ဆေးခန်းတွေဟာ ကျန်းမာရေးဆိုင်ရာ ဥပဒေတွေနဲ့အညီ လိုင်စင်မရှိသလို ဆေးကုသခွင့် လိုင်စင် ဆ/မ လည်းမရှိဘူးလို့ ဝန်ကြီးကပြောပါတယ်။
သတင်း - ဇေယျာချမ်းအေး