ကောင်းကင်အမြင့်ခုန်စဉ် ဖိနပ်ကျွတ်ကျခဲ့သော်လည်း ပြန်စီးနိုင်ခဲ့သူ ရုပ်သံဖိုင် ရေပန်းစား

ကောင်းကင်အမြင့်ခုန်သမားတယောက်အဖို့ ဒါဟာ တကယ့်ကို အံ့သြစရာပါပဲ။ သူဟာ ကောင်းကင်အမြင့်ခုန်ချိန် လေထုထဲမှာရှိနေစဉ် ဖိနပ်ကျွတ်ကျခဲ့ပြီး မကြာခင်မှာပဲ ပြန်စီးပြနိုင်ခဲ့တာပါ။ အဲဒီကောင်းကင်အမြင့်ခုန်သမားဟာ နောက်အဖော်တဦးနဲ့အတူ လေယာဉ်တစီးပေါ်ကနေ အတူတကွ ခုန်ဆင်းခဲ့ကြချိန်မှာ ဖိနပ်ဟာ လေထဲမှာ ရုတ်တရက် ကျွတ်ထွက်သွားခဲ့တာပါ။ သူ့ရဲ့အဖော်ဟာ မြေကြီးဆီ ထိုးစိုက်ဆင်းသွားခဲ့ချိန်မှာ သူ့ဆီက ကျွတ်ထွက်သွားခဲ့တဲ့ ဖိနပ်ကိုလည်း လက်လွှတ်လိုက်ရတာပါ။ ဒါပေမယ့် မယုံနိုင်စရာကောင်းလောက်အောင်ပဲ စက္ကန့်အနည်းငယ်အကြာမှာ ဖိနပ်ဟာ သူ့ဆီ တကျော့ပြန်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ သူဟာ ဟန်ချက်ညီအောင်ထိန်းရင်း ဖိနပ်ကိုဖမ်းဖို့ ကြိုးစားခဲ့ကာ တတိယအကြိမ်မြောက် ရောက်လာချိန်မှာတော့ ဖမ်းယူနိုင်ခဲ့ပြီး ပြန်စီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ကာ အကြိမ်ပေါင်းများစွာ မျှဝေခဲ့ကြတယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up