Home
မြန်မာသတင်း
စစ်အစိုးရခေါင်းဆောင်ပိုင်းနှင့် ခရိုနီများ ဆန်ရှင်ဖြေလျှော့စာရင်းတွင် ပါဝင်
DVB
·
October 8, 2016
အရင် စစ်အစိုးရခေါင်းဆောင်ပိုင်းနှင့် ထိပ်တန်း ခရိုနီများ သူတို့ပိုင် လုပ်ငန်းစုများ အမေရိကန် ဆန်ရှင်ဖြေလျှော့စာရင်းမှာ ပါဝင်လာပါတယ်။ အရင် စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် မြန်မာ့ထိပ်တန်း ခရိုနီစီးပွားရေး လုပ်ငန်းရှင်များကို ပိတ်ဆို့ ဒဏ်ခတ်ထားမှာများအား အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ဖြေလျှော့ပေးလိုက်တဲ့စာရင်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမား မနေ့က နိုင်ငံတကာ အရေးပေါ် စီးပွားရေးဆိုင်ရာ အက်ဥပဒေကို ရုပ်သိမ်းလိုက်ကြောင်း  လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး နောက် သူတို့ကို ပိတ်ဆို့ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းခဲ့တာပါ။ အမေရိကန်ရဲ့ဒဏ်ခတ်မှုက ဖြေလျော့ပေးခံသူတွေထဲမှာ အရင် စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တော်တော်များများ ပါဝင်သလို ဦးထွန်းမြင့်နိုင်၊ ဦးတေဇ၊ ဦးဇော်ဇော်စတဲ့ ခရိုနီလုပ်ငန်းရှင်တွေ လည်း ပါဝင်ပါတယ်။ ဒါ့အပြင် စစ်တပ်ပိုင် မြ၀တီလုပ်ငန်းစုနဲ့ ဘဏ်တွေလည်း အမေရိကန်ပိတ်ဆို့မှု လျှော့ပေးတဲ့စာရင်းထဲ ပါလာတာ တွေ့ရပါတယ်။ ခရိုနီတွေပိုင်တဲ့ လုပ်ငန်းစုတွေ ဘဏ်တွေလည်း ဖြေလျှော့ပေးခဲ့တဲ့စာရင်းထဲ ပါဝင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် စာလည်းရေးတဲ့ ဦးသန်းစိုး(ဘောဂဗေဒ)က “ခရိုနီတို့ အရင် စစ်အစိုးရအဖွဲ့က ပိုင်ဆိုင်မှုတို့ ပိုက်ဆံတွေလည်း ပါမှာပေါ့နော်။ အဲဒါတွေက အပြင်ကို ထွက်ဖို့ဆိုရင် အမေရိကန်က ဒီတိုင်း အလကားတော့ လွှတ်ပေးမှာ မဟုတ်ပါဘူး။ အဓိကက ကျနော်တို့နိုင်ငံထဲဝင်လာမယ့် ရင်းနှီးမြှပ်နှံမှုတွေကို ပိုပြီးတော့ အားကောင်းလာအောင် ဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံတကာရဲ့ ဘဏာရေးအဖွဲ့အစည်း ဘဏ်အဖွဲ့အစည်းတွေရဲ့ယုံကြည်မှုကို ယူဖို့အတွက် အဲဒါကိုတော့ ကျနော် မြင်ပါတယ်” အမေရိကန်ဘဏာရေးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဆန်ရှင်က ဖြေလျှော့ပေးလိုက်တဲ့ လူပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းစုများ စာရင်းကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024