၂၁ ရာစုပင်လုံညီလာခံ ထောက်ခံပွဲ ဟင်္သာတတွင် ကျင်းပ
DVB
·
August 30, 2016
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲကို ဒီနေ့ ကျင်းပပြုလုပ်ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံပွဲကို ဟင်္သာတမြို့ဦး ပါရဲဘုရားရှေ့မှ ဒီနေ့မနက် ၉ နာရီအချိန်မှ စတင်ထွက်ခွာပြီး ဗိုလ်ချုပ်လမ်း၊ ရွှေစေတီလမ်း၊ မန်းဘခိုင်လမ်းနဲ့ ဗိုလ်စောမောင်လမ်းထောင့်ရှိ လွတ်လပ်ရေး ကျောက်တိုင်အရောက် ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
ထောက်ခံချီတက်ပွဲကို အန်အယ်လ်ဒီပါတီဝင်တွေအပါဝင် ဒေသခံတွေ တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်တွေကိုလည်း လိုက်လံဝေငှခဲ့ကြပါတယ်။
ဓတ်ပုံ-ကိုကြက်