Home
မြန်မာသတင်း
မြန်မာနှင့်​ ထိုင်း​အလုပ်သမား​ရေး​ဝန်ကြီး​ဌာန ​ဆွေး​နွေး​ညှိနှိုင်း
DVB
·
October 13, 2011
ထိုင်း​နိုင်ငံ​ရောက် မြန်မာနိုင်ငံသား​ အလုပ်သမား​အား​လုံး​အတွက် ယာယီနိုင်ငံကူး​လက်မှတ် လုပ်​ဆောင်​ပေး​ရေး​ကို ထိုင်း​နဲ့​ မြန်မာ နှစ်ဘက်တာဝန်ရှိသူ​တွေ ​ဆွေး​နွေး​နေတာ ​အောင်မြင်မှုရ​နေပြီလို့​ မြန်မာအလုပ်သမား​ဝန်ကြီး​ဌာန ဒု- ဝန်ကြီး​ ဦး​မြင့်​သိန်း​က ဒီဗွီဘီကို ​ပြောပါတယ်။ အလုပ်သမား​ ဒု- ဝန်ကြီး​ ဦး​ဆောင်တဲ့​အဖွဲ့​ဟာ ထိုင်း​နိုင်ငံ အလုပ်သမား​ရေး​ဝန်ကြီး​ဌာနနဲ့​ ဒီလ ၁၁ ရက်​နေ့​က​နေ ဒီ​နေ့​အထိ ​တွေ့​ဆုံ​ဆွေး​နွေး​အပြီး​မှာ ခုလို​ပြောကြား​တာဖြစ်ပါတယ်။ “ဒီနိုင်ငံထဲမှာ ကျ​နော်တို့​ လာပြီး​တော့​ အလုပ်သမား​ နိုင်ငံသား​ စိစစ်တာတို့​၊​ ယာယီနိုင်ငံကူး​လက်မှတ် ထုတ်​ပေး​တာတို့​ကို ထိုင်း​နိုင်ငံထဲအထိ ဝင်ပြီး​တော့​ လုပ်​ပေး​နိုင်​အောင်လို့​ လာညှိတာပါခင်ဗျာ။ ဗီဇာခတို့​၊​ အလုပ်ရဖို့​ကိစ္စတို့​ ​နောက်ပြီး​တော့​ ​နောက်ဆုံး​အ​ခြေအ​နေအရဆိုရင် အခု ​ရေကြီး​တဲ့​အချိန်မှာ ကျ​နော်တို့​ အလုပ်သမား​တွေ ​ရေ​ဘေး​ဒုက္ခဖြစ်​နေတာ​တွေကိုလည်း​ ထိုင်း​အစိုး​ရ က​နေပြီး​ ကူညီ​ပေး​ဖို့​အထိ သူတို့​ကို ​မေတ္တာရပ်ခံထား​ပါတယ်။ သူတို့​လည်း​ အကူအညီ ​ပေး​မယ်လို့​ ​ပြောပါတယ်။” ထိုင်း​နိုင်ငံမှာ မြန်မာနိုင်ငံသား​ ၂သန်း​လောက်ရှိပြီး​ အား​လုံး​ကို ယာယီမှတ်ပုံတင်ကတ်ပြား​ ထုတ်​ပေး​နိုင်​အောင် မြန်မာတာဝန်ရှိသူ​တွေက ထိုင်း​နိုင်ငံတွင်း​က မြန်မာလုပ်သား​အများ​စုရှိတဲ့​ ​နေရာ​တွေမှာ ရုံး​ဖွင့်​ပြီး​ ​ဆောင်ရွက်​ပေး​ရေး​အစီအစဉ်ဖြစ်ပါတယ်။ အဲဒီလို ​ဆောင်ရွက်နိုင်​ရေး​အတွက် ရုံး​ခန်း​ဖွင့်​တဲ့​ အ​ခြေအ​နေကိုလည်း​ မြန်မာကိုယ်စား​လှယ်အဖွဲ့​မှာပါတဲ့​ အလုပ်သမား​ရေး​ဌာန ညွန်ကြား​ရေး​မှူး​ချုပ် ဦး​ချစ်ရှိန်က ရှင်း​ပြပါတယ်။ “အခုလက်ရှိအပြင် ၅ ခု ထပ်ခွဲဖို့​ ကျ​နော်တို့​ ဒီမှာ ညှိနှိုင်း​ပါတယ်။ မဟာချိုင်တို့​၊​ စမူစခွန်တို့​ ထား​ဖို့​၊​ ​နောက် ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​တော်နဲ့​ မြို့​တော် ပတ်ဝန်း​ကျင်မှာ ထား​ဖို့​။ ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ဘက်နဲ့​ ​တောင်ပိုင်း​မှာ ထား​ဖို့​ ​မျှော်မှန်း​ပါတယ်။” ထိုင်း​နိုင်ငံမှာ အလုပ်လုပ်​နေကြတဲ့​ မြန်မာအလုပ်သမား​တွေဟာ မြန်မာအစိုး​ရကို ​လော​လောဆယ် အခွန်​ဆောင်ဖို့​ မလို​သေး​ပေမဲ့​ ​နောက်ပိုင်း​မှာ မြန်မာအစိုး​ရက ဘယ်လို စီစဉ်​ဆောင်ရွက်မယ်ဆိုတာကို​တော့​ မသိ​သေး​ဘူး​လို့​လည်း​ ဦး​ချစ်ရှိန်က ​ပြောပါတယ်။ အခု ထိုင်း​ခရီး​စဉ်မှာ ထိုင်း​နိုင်ငံက မြန်မာအလုပ်သမား​တွေ ပိုမို အဆင်​ပြေလာဖို့​အတွက် ထိုင်း​အစိုး​ရနဲ့​ညှိနှိုင်း​ရာမှာ ​အောင်မြင်တယ်လို့​လည်း​ ဆိုပါတယ်။ မြန်မာ အလုပ်သမား​ ဒုဝန်ကြီး​ ဦး​မြင့်​သိန်း​ ဦး​ဆောင်တဲ့​ မြန်မာကိုယ်စား​လှယ် အဖွဲ့​ဟာ ဒီ​နေ့​မှာ မြန်မာအလုပ်သမား​အ​ရေး​ဆောင်ရွက်​နေတဲ့​ ထိုင်း​အ​ခြေစိုက် မြန်မာအလုပ်သမား​ အဖွဲ့​တွေနဲ့​ ဘန်​ကောက်မြို့​အနီး​ စမွတ်စခွန်ခရိုင် မဟာချိုင်​ဒေသက ဝပ်ထစ်ဘုန်း​ကြီး​ကျောင်း​ဆောင်မှာ ​တွေ့​ဆုံပါတယ်။ မြန်မာဒု- ဝန်ကြီး​နဲ့​အဖွဲ့​ကို ​တွေ့​ဆုံခဲ့​တဲ့​ ထိုင်း​နိုင်ငံက မြန်မာအလုပ်သမား​အ​ရေး​ ကူညီ​ဆောင်ရွက်​ရေး​အဖွဲ့​တခုဖြစ်တဲ့​ HRDF လူ့​အခွင့်​အ​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ ​ဖောင်​ဒေး​ရှင်း​က တာဝန်ခံတဦး​ဖြစ်သူ ဦး​စိန်​ဌေး​က နိုင်ငံသား​စိစစ်​ရေး​ရုံး​တွေကို မြန်မာဘက်က လာဖွင့်​ရင် မြန်မာအလုပ်သမား​တွေအတွက် အကျိုး​ရှိမယ်လို့​ပြောပါတယ်။ “အဆင်​ပြေမှု​တွေက​တော့​ ​တော်​တော်ဖြစ်လာမယ်​လေ။ ဟိုး​နယ်စပ်အထိ သွား​စရာ မလိုဘဲနဲ့​ ကြိုက်ရာမှာ လုပ်နိုင်တဲ့​အတွက် စရိတ်​တွေ​တော့​ သက်သာလာမယ်။” ထိုင်း​နိုင်ငံတွင်း​ အလုပ်လုပ်​နေတဲ့​ အိမ်နီး​ချင်း​နိုင်ငံသား​တွေကို ထိုင်း​ပိုင်နက်အတွင်း​ လာ​ရောက်ပြီး​ အလုပ်သမား​စိစစ်​ရေး​လုပ်ဖို့​ သက်ဆိုင်ရာ အိမ်နီး​ချင်း​နိုင်ငံ​တွေကို ထိုင်း​အစိုး​ရက ကမ်း​လှမ်း​ခဲ့​ပြီး​နောက် လာအိုနဲ့​ က​မ္ဘောဒီး​ယား​အစိုး​ရတို့​က လက်ခံ​ဆောင်ရွက်​ပေမယ့်​ မြန်မာက မ​ဆောင်ရွက်ဖြစ်ခဲ့​ပါဘူး​။ အောက်တိုဘာ ၁၁ ရက်က​နေ ၁၃ ရက်အထိ မြန်မာအလုပ်သမား​ဝန်ကြီး​ဌာန ဒု-ဝန်ကြီး​နဲ အဖွဲ့​က ထိုင်း​အစိုး​ရနဲ့​တွေ့​ဆုံ​ဆွေး​နွေး​ရာမှာ​တော့​ ထိုင်း​အစိုး​ရရဲ့​အဆိုတင်တဲ့​အတိုင်း​ မြန်မာအလုပ်သမား​ နိုင်ငံသား​စိစစ်​ရေး​ရုံး​တွေကို ထိုင်း​နိုင်ငံမှာ စတင်ဖွင့်​လှစ်ဖို့​သ​ဘောတူညီမှုရသွား​ကြတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024