ကမ္ဘာတပတ်ပျံသန်းမည့် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် ခရီးစဉ် ခေတ္တရပ်ဆိုင်း

ဓာတ်ပုံ - ရိုက်တာ
အီဂျစ်နိုင်ငံမှာ ရောက်ရှိရပ်နားနေတဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ လောလောဆယ် လေယာဉ်မှူး နာမကျန်းဖြစ်နေတာနဲ့ လေတိုက်နှုန်း ပြင်းထန်နေတဲ့အတွက် ခရီးစဉ် ခေတ္တရပ်ဆိုင်းထားရပါတယ်။ ဆိုလာအင်ပတ်စ် တူး (Solar Impulse 2) လေယာဉ်ဟာ ကမ္ဘာတပတ်ခရီးစဉ်ရဲ့ နောက်ဆုံးတဆင့်ဖြစ်တဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ကနေ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တော်ကို ဇူလိုင်လ ၁၆ ရက်က ပျံသန်းဖို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာသီဥတု အနေအထားအရရော၊ လေယာဉ်မှူး ဘာထရမ် ပစ်ကပ်က လောလောဆယ် ကျန်းမာရေးမကောင်းသေးလို့ ခဏစောင့်ဆိုင်းရမယ်လို့ လေယာဉ်မှူးတဦးဖြစ်တဲ့ အန်ဒရေ ဘော့စ်ခ်ျဘတ်က ပြောပါတယ်။ အဘူဒါဘီခရီးစဉ်ဟာ အနည်းဆုံး ၂ ရက်ကြာမှာဖြစ်ပြီး အတော်မြင့်မြင့်ကနေ လေယာဉ်မှူးက အောက်စီဂျင် အထောက်အကူနဲ့ ပျံသန်းရမှာ ဖြစ်တဲ့အတွက် ပိုပြီး သေချာအောင် အခုလို ဆုံးဖြတ်လိုက်တယ်လို့ လေယာဉ်မှူး အန်ဒရေက ပြောပါတယ်။ ဆိုလာအင်ပတ်စ်တူး လေယာဉ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လက ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တော်ကနေ ကမ္ဘာတပတ်ခရီး စတင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up