တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို မန်ယူ စာချုပ် ချုပ်ရန် နီးစပ်

ဓာတ်ပုံ - ရိုက်တာ
ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်နေပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးရဲ့ မန်ယူကို ပြောင်းရွှေ့ရေးဟာ ဒီတပတ်အကုန်မှာ ဖြစ်လာဖို့ ရှိတယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ဖော်ပြနေပါတယ်။ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို စွန့်ခွာလာတဲ့ အီဗရာဟီမိုဗစ်ဟာ မန်ယူအသင်းနဲ့ ၁ နှစ်စာချုပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။ အကယ်၍ စာချုပ် ချုပ်ဆိုဖြစ်ခဲ့ရင် မန်ယူနည်းပြသစ် မော်ရင်ဟိုလက်ထက် ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမား ဖြစ်လာမှာပါ။ မန်ယူဟာ ဒေါ့မွန်ကလပ် ကွင်းလယ်ကစားသမားဖြစ်တဲ့ မစ်ခီတာရန်ကိုလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ မန်ယူကခေါ်ယူမယ့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအတွက် ၃၈ ဂိုး သွင်းပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up