ပျက်ကျ အီဂျစ်လေယာဉ် မှတ်တမ်းသေတ္တာမှ ပို့လွှတ်သည့် Signal များ ရရှိနေ

ပြီးခဲ့တဲ့လက မြေထဲပင်လယ်ထဲမှာ ပျက်ကျသွားတဲ့ အီဂျစ်လေကြောင်းလိုင်း လေယာဉ်မှတ်တမ်းသေတ္တာက ပို့လွှတ်တဲ့ Signal တွေ ရရှိနေတယ်လို့ ပြင်သစ်အာဏာပိုင်တွေက ဇွန် ၁ ရက်နေ့မှာ ပြောဆိုပါတယ်။ မြေထဲပင်လယ်ထဲမှာ လေယာဉ်ပျောက် ရှာဖွေနေတဲ့ ပြင်သစ်သင်္ဘောက ရရှိခဲ့တာလို့ ဆိုပါတယ်။ ပင်လယ်ကြမ်းပြင်က ပို့လွှတ်နေတဲ့ Signal တွေကို ရရှိနေပြီး အသေးစိတ်ရှာဖွေရေး နယ်မြေကိုလည်း သတ်မှတ်ပြီးပြီလို့ ပြင်သစ်နိုင်ငံက စေလွှတ်တဲ့ လေယာဉ်ပျက် စုံစမ်းရှာဖွေရေးအဖွဲ့ အရာရှိတဦးက ပြောဆိုပါတယ်။ ရေအနက်မီတာ ၃၀၀၀ အထိ ငုပ်ဆင်းထောက်လှမ်းနိုင်တဲ့ စက်ရုပ်တွေ ပါဝင်တဲ့ စုံစမ်းရှာဖွေရေး သင်္ဘောလည်း လာမယ့်တပတ်မှာ ရောက်ရှိလာပြီး လေယာဉ်မှတ်တမ်း သေတ္တာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ လေယာဉ်မှတ်တမ်းသေတ္တာတွေက ပို့လွှတ်တယ်လို့ ယုံကြည်ရတဲ့ Signal ရရှိနေတယ်လို့ ဇွန် ၁ ရက်မှာ အီဂျစ်အာဏာပိုင်တွေက အရင်ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ပျက်ကျခဲ့တဲ့ အီဂျစ်လေကြောင်းလိုင်း လေယာဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ကနေ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ကိုအပြန် လိုက်ပါသူ ၆၆ ဦးနဲ့ ပျက်ကျသွားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up