Live
Home
မြန်မာသတင်း
ရခိုင်တွင် လျှပ်စစ်မီတာခ အဆမတန် ​ဈေး​ကြီး
အေးနိုင်
·
August 29, 2011
ရခိုင်ပြည်နယ် မြို့​အ​တော်များ​များ​မှာ တခြား​ဒေသ​တွေနဲ့​မတူဘဲ ဆယ်ယူနစ်ခန့်​အထိ မီတာတယူနစ်ကို ၂၅ ကျပ်နှုန်း​ကျခံ​စေပြီး​ ကျန်ယူနစ်ပို​တွေအတွက် တယူနစ် ကျပ် ၄၀၀ ​ကျော် ကျသင့်​နေပါတယ်။ အစိုး​ရ အဆိုအရ မဟာဓာတ်အား​လိုင်း​ မ​ရောက်တာ​ကြောင့်​ ​လောင်စာအား​ပြု မီး​စက်​တွေကို အား​ပြုပြီး​ မီး​ပေး​နေတာ​ကြောင့်​လို့​ သိရပါတယ်။ အရင်က မီး​လင်း​ရေး​ကော်မတီ​တွေဖွဲ့​ပြီး​ ကိုယ်ထူကိုယ်ထလုပ်ရာက ကုမ္ပဏီ​တွေကို ချ​ပေး​တာ​ကြောင့်​ ဝန်​ဆောင်မှု​တွေ​ကောင်း​ တ​နေကုန်မီး​လာ​ပေမယ့်​ မီတာခက​တော့​ မကျပါဘူး။ အ​ခြေခံဆင်း​ရဲသား​တွေ မီး​သုံး​နိုင်​အောင် ဆယ်ယူနစ်ထိ သုံး​သူကို တယူနစ် ၂၅ ကျပ်အထိ ​ပေး​တဲ့​စနစ် စတင်ခဲ့​ပြီး​တဲ့​နောက် လွန်ခဲ့​တဲ့​သီတင်း​ပတ်ကစလို့​ ​မြောက်ဦး​မြို့​မှာ တ​နေ့​ကို မီး​ သုံး​နာရီပဲ ရ​တော့​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။ “၂၅ ကျပ်နှုန်း​နဲ့​ ၁၀ မီတာ ​ပေး​မယ်လို့​ အစိုး​ရနဲ့​ စာချုပ် ချုပ်ထား​တယ်။ မ​ပေး​နိုင်လို့​ ဒီမှာ ပြဿနာ​တွေ ဖြစ်​နေပြီ။ သုံး​နာရီမှာ​တောင်မှ သူတို့​က ၂ နာရီပဲ ​ပေး​တာ။ ​နောက်တနာရီက အုပ်ချုပ်​ရေး​မှူး​က သူ့​ဆီက ​ပေး​တယ်လို့​ပြောတယ်။ ၂၅ ကျပ်နှုန်း​နဲ့​ ​လျှော့​လိုက်​တော့​ ကုမ္ပဏီက မကိုက်လို့​ဆိုပြီး​ အချိန်ကို ​လျှော့​လိုက်တယ်။ ​နေ့​ပိုင်း​ဆို လုံး​ဝကို မလင်း​တော့​ဘူး​။ ညပိုင်း​ဆိုရင်​တော့​ ၇ နာရီ​လောက်က​နေ ၁၀ နာရီ​လောက်အထိ​တော့​ လင်း​ပါတယ်။” ပုံမှန်အား​ဖြင့်​ အိမ်တအိမ်ဟာ မီတာယူနစ် နှစ်ဆယ်​ကျော် သုံး​စွဲ​လေ့​ရှိတယ်လို့​ သူက ​ပြောပါတယ်။ စစ်​တွေမြို့​မှာ​တော့​ တလကို မီတာ ခုနှစ်ယူနစ်ထိ တယူနစ် ၂၅ ကျပ်နှုန်း​နဲ့​ ကျသင့်​စေပြီး​ ကျန်ယူနစ်​တွေအတွက် တယူနစ် ၄၆၀ သတ်မှတ် ​ကောက်ယူ​နေတယ်။ မီး​က​တော့​ ၂၄ နာရီ လာ​နေတယ်လို့​ စစ်​တွေသား​တဦး​က ​ပြောပါတယ်။ “၇ ယူနစ်ထက် ပိုတဲ့​ဟာ​တွေကို ၄၆၀ နှုန်း​ပေါ့​။ နဝတ လက်ထက်က ခွဲတမ်း​ဆီ​တွေ အကုန်လုံး​ကို ဒီဘက်ကို မ​ပေး​သေး​ဘဲ ယူထား​တဲ့​သ​ဘော ရှိတာ​ပေါ့​။ အဲဒါကို အစိုး​ရက ပြန်စိစစ်လိုက်​တော့​ ဆီခွဲတမ်း​တွေ ထွက်လာတာ​ပေါ့​။ အဲဒီခွဲတမ်း​တွေကိုပဲ ပြည်သူလူထု ခံစား​ခွင့်​ရှိတယ်။ အဲဒီအတိုင်း​အတာ ယူနစ်​လောက်ပဲ ရတာ​ပေါ့​။” သံတွဲမြို့​ဟာ မြန်မာနိုင်ငံမှာ မီတာခ​ဈေး​အမြင့်​ဆုံး​ဖြစ်ပြီး​ တယူနစ်ကို ကျပ်ငါး​ရာ ​ကောက်ခံ​နေပါတယ်။ သူလည်း​ ဆယ်မီတာ​လောက်ထိ ၂၅ ကျပ်နှုန်း​ ဖြတ်​ပေမယ့်​ ကျန်မီတာ​တွေအတွက် ငါး​ရာနီး​ပါး​ကျခံ​နေရဆဲပါ။ မြို့​ခံတဦး​က “အခုဟာက ဘယ်လိုဖြစ်လဲဆို​တော့​ ကုမ္ပဏီ အ​နေနဲ့​ ရှိတာ​ပေါ့​။ ပြည်သူ​တွေအ​နေနဲ့​က​တော့​ ၂၄ နာရီ ​ပေး​တဲ့​အ​ပေါ်မှာ ​တော်​တော်​လေး​တော့​ သ​ဘောကျတဲ့​ အ​နေအထား​ ရှိတယ်။ ကိုယ်က မသုံး​နိုင်​တော့​လည်း​ မီး​ကို ပိတ်ထား​ပေါ့​။ ​နေ့​လယ်ပိုင်း​ကို မ​ပေး​တော့​ဘူး​ဆိုတဲ့​ သတင်း​တွေ ကျ​နော်တို့​ ကြား​နေရတယ်” လို့​ ​ပြောပါတယ်။ အစိုး​ရ လျှပ်စစ်ဌာနက မီတာပုံး​တလုံး​ကို မီတာထိန်း​သိမ်း​စောင့်​ရှောက်ခအဖြစ် ပြည်သူ​တွေထံက​နေ ကျပ်​ငွေ ၁၀၀၀ လစဉ်​ကောက်ယူ​နေတယ်လို့​ မြို့​ခံက ​ပြောပါတယ်။ “၁၀၀၀ ​ပေး​ရ​တော့​ မီတာပုံး​က အလုံး​ ၄၀၀၀ ​လောက် ရှိ​တော့​ သိန်း​ ၄၀ ရတယ်။ အဲ​တော့​ ကုမ္ပဏီက ဘာတင်ပြလဲဆို​တော့​ ကျ​နော်တို့​မှာ နည်း​နည်း​ အရှုံး​ပေါ်တဲ့​ အ​နေအထား​မှာ ရှိတဲ့​အတွက် ဒီမီတာပုံး​ ကိစ္စ​ပေါ့​။ ၁၀၀၀ ကိုလည်း​ ကျ​နော်တို့​ ကုမ္ပဏီကိုလည်း​ ​ပေး​နိုင်မယ်ဆိုရင် အရှုံး​နည်း​နည်း​ ကာမိမယ်​ပေါ့​။ သူတို့​တင်ပြတယ် ​ပြောတယ်။ ကျ​နော်တို့​ အမြင်မှာ​တော့​ သူတို့​ ဝန်​ဆောင်မှု ​တော်​တော် ​ကောင်း​တယ်ဗျ။” ကျန်​ဒေသ​တွေမှာ တယူနစ်ကို ၂၅ ကျပ်နှုန်း​နဲ့​ ​ပေး​နေ​ပေမယ့်​ ရခိုင်ပြည်နယ်မှာ တယူနစ်ကို ကျပ် ၅၀၀-၄၅၀ အထိ ကျသင့်​နေတာ​ကြောင့်​ လျှပ်စစ်မီတာကို အမှီပြုတဲ့​လုပ်ငန်း​တွေ မတိုး​တက်ဘဲ ဟန့်​တား​ထား​သလို ဖြစ်​နေဆဲပါ။ ဒီကိစ္စကို လွှတ်​တော်မှာ ရခိုင်အမတ်​တွေက တင်ပြ​ပေမယ့်​ မဟာဓာတ်အား​လိုင်း​ မ​ရောက်လို့​ မ​ပေး​နိုင်​ကြောင်း​ အ​ဖြေရခဲ့​ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024