လီဗာပူးအသင်းခေါင်းဆောင် ရာသီလက်ကျန်ပွဲ အားလုံးလွဲချော်မည်

အင်္ဂလန် ပရီးမီးယားလိဂ်က လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆင်က ဒူးဒဏ်ရာကြောင့် ဒီနှစ်ဘောလုံးရာသီ လက်ကျန်ပွဲအားလုံးကို လွဲချော်မှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ဂျာမနီဘွန်ဒစ်လီဂါက ဒေါ့မွန်နဲ့ကစားတဲ့ပွဲမှာ ဒူးဒဏ်ရာရရှိသွားတဲ့အတွက် အနည်းဆုံး ၆ ပတ်ကနေ ၈ ပတ်အကြား နားရမှာ ဖြစ်ပါတယ်။ ဒီအတွက် ယူရို ၂၀၁၆မှာ ပါဝင်နိုင်ရေးကလည်း မရေရာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဟန်ဒါဆင်ရဲ့ အင်္ဂလန်အသင်းရဲ့ ပထမဆုံးပွဲစဉ်ဟာ ဇွန် ၁၁ ရက်မှာ ဖြစ်ပြီး ၉ ပတ်သာ လိုပါတော့တယ်။ အင်္ဂလန်နည်းပြ ရွိုင်ဟော့ဆန်ကလည်း ကြံ့ခိုင်မှု မပြည့်တဲ့သူတွေကို အသင်း လူစာရင်းမှာ ထည့်သွင်းလိုတဲ့ ဆန္ဒမရှိဘူးလို့ ထုတ်ပြောထားပါတယ်။ အသက် ၂၅ နှစ် ဟန်ဒါဆင်ကလည်း ယူရို ခြေစစ်ပွဲမှာ အင်္ဂလန်အတွက် ၆ ပွဲကစားထားပေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up