မင်းတုန်းမြို့နယ်တွင် တရားမ၀င်သစ်တန်ချိန် ၄၀ ခန့် ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
April 2, 2016
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာလမ်းပေါက်အနီးမှာ တရားမ၀င် သစ်တန်ချိန် ၄၀ လောက် ဖမ်းဆီးမိခဲ့ပါတယ်။
တာဝန်သိပြည်သူတဦးက တိုင်ကြားလို့ တိုင်းဒေသကြီးလွှတ်တော်အမတ်ဦးတင်ဝင်း၊ နယ်မြေခံတောအုပ် ဦးလင်းအောင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဧပြီ ၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ပိုင်ရှင်မဲ့ သစ်တန်ချိန် ၄၀ လောက်ကို ဖမ်းဆီးရမိခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီကလည်း မှန်ကျေးရွာမှာ သစ်တန် ၂၀ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။