မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ဂျပန်တွင် လေ့ကျင့်ရန် စီစဉ်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
AFF Women’s Championship 2016 (အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ၂၀၁၆) ပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီးအသင်းဟာ လေ့ကျင့်ပြင်ဆင်တဲ့ အနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ လာမယ့် မေလဆန်းပိုင်းမှာ ဂျပန်ကို သွားရောက်လေ့ကျင့်ပြီး ဂျပန်အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ ရည်ရွယ်ထားပါတယ်။ လောလောဆယ်မှာတော့ ပြိုင်ပွဲဝင်နိုင်ဖို့ အမျိုးသား ယူ-၁၄ အသင်းနဲ့ ဒုတိယအကြိမ် ခြေစွမ်းပွဲ ကစားထားပါတယ်။ မြန်မာက အိမ်ရှင်အဖြစ် လာမယ့် ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၅ ရက်နေ့ထိ ကျင်းပပြုလုပ်မယ့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို မန္တလေးမြို့မှာ ပြုလုပ်သွားမှာပါ။ အဲဒီပြိုင်ပွဲမှာ မြန်မာက သြစတြေးလျ၊ မလေးရှား၊ (တောင်ကိုရီးယား၊ တရုတ်တိုင်ပေ၊ ဂျပန်) ၃ သင်းထဲကနေ ၁ သင်း၊ စုစုပေါင်း ၄ သင်းအနေဖြင့် အုပ်စု (ခ) ကနေ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up