အန်အယ်လ်ဒီပါတီ ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေး စတင် (ဓာတ်ပုံ)
DVB
·
March 6, 2016
ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီထိပ်တန်းခေါင်းဆောင်တွေပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ မွန်းလွဲ ၁ နာရီကစတင်ပြီး နေပြည်တော်မှာရှိတဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ ပြုလုပ်နေပါတယ်။
အစည်းအဝေးတက်ရောက်လာသူတွေကတော့ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဒေါက်တာ မျိုးအောင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဋ္ဌေးကြွယ် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦး တက်ရောက်နေပါတယ်။
ဓာတ်ပုံ - ကျော်ဇေယျာဝင်း