Home
မြန်မာသတင်း
ရန်ကုန် ၄ မြို့နယ်ရပ်ကွက်များ ရေပြတ်မည်
DVB
·
March 4, 2016
ရန်ကုန်တိုင်းဒေသကြီးအတွင်း  မြို့နယ် ၄မြို့နယ်ရှိ  ရပ်ကွက်တချို့မှာ ခေတ္တ ရေပြတ်တောက်ဖို့ ရှိနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်က အသိပေးကြေညာထား ပါတယ်။ ကမ္ဘာအေးဘုရားလမ်း တလျှောက်ရှိ ရေယိုစိမ့်တဲ့ သက်တမ်းရင့်ဟောင်းနွမ်း ရေပိုက်လိုင်းတွေကို ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့  အသစ်လဲလှယ်ရေးလုပ်ငန်းတွေကို မတ်လ ၃ ရက်ကနေစပြီး မတ်လ ၇ ရက် မနက်ထိ ပြီးစီးအောင် ဆောက်ရွက်နေတာလို့ ဆိုပါတယ်။ ရေပြတ်မယ့် မြို့နယ်တွေထဲမှာ မရမ်းကုန်းမြို့နယ် အမှတ် ၉နဲ့ အမှတ် ၁၀ ရပ်ကွက်၊ ရန်ကင်းမြို့နယ် အမှတ် ၅၊ အမှတ် ၆၊ အမှတ် ၇၊ အမှတ်၈ ရပ်ကွက်၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ရပ်ကွက်၊ ၂ ရပ်ကွက်၊ ဆရာစံရပ်ကွက်တွေနဲ့ ကမာရွက်မြို့နယ် အမှတ် ၉ နဲ့ အမှတ် ၁၀ ရက်ကွက်တွေပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024