Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကြိုးပမ်းတော့မည်မဟုတ်ဟုဆို
DVB
·
February 28, 2016
ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်ဖို့ ကြိုးပမ်းမှာ မဟုတ်တော့ဘဲ သူ့ကိုယ်စား သမ္မတ တဦးကို ခန့်ပြီး အစိုးရအဖွဲ့ ၀န်ကြီးနေရာ တနေရာကို ယူပြီး သမ္မတကို ထိန်းကျောင်းသွားလိမ့်မယ်လို့ လယ်ရီ ဂျေကင်က ဘန်ကောက်ပို့စ်သတင်းမှာ ဆောင်းပါး ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ တပတ်က ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတုန်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကို အနည်းဆုံး ၂ နှစ်အတွင်း ကြိုးစားမှာ မဟုတ်ဘူးလို့ အန်အယ်လ်ဒီနဲ့ စစ်တပ်အသိုင်းအ၀န်းက ပြောကြောင်းလည်း ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံကို လက်ရှိအတိုင်း အနည်းဆုံး ၂ နှစ်ခွဲ ထားဖို့ ကာချုပ်ကို ကတိပေးခဲ့တယ်လို့လည်း မြန်မာ့အရေး ကျွမ်းကျင်သူ လယ်ရီရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ကာချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ ၃ ကြိမ်စလုံးမှာ ဖွဲ့စည်းပုံ အခြေခံ ဥပေဒကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကို ခံယူထားကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဖို့ ရှေ့ဆက် မတိုးတာဟာ တပ်မတော်နဲ့ ထိပ်တိုက် ရင်မဆိုင်လိုတာကြောင့် ဖြစ်တယ်လို့ ဆောင်းပါးမှာ ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024