Home
မြန်မာသတင်း
အယ်လ်နီညိုကြောင့် မြန်မာတွင် မိုးခေါင်၊ မိုးသည်းထန်နိုင်
DVB
·
February 12, 2016
အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ မိုးသည်းထန်ခြင်းနဲ့ မိုးခေါင်ခြင်းစတဲ့ ဖောက်ပြန်တဲ့ရာသီဥတု ကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။ INGOs များစုပေါင်းပြီး ၂၀၁၅-၁၆ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်လာနှိုင်မယ့် ရာသီဥတု ထိခိုက်မှုများအခြေအနေပြ Alliance 2015 El-Ninpo Impacts Map ကိုထုတ်ပြန်ခဲ့ရာမှာ မြန်မာနဲ့ပတ်သက်လို့ ခုလို ခန့်မှန်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဦးထွန်းလွင်က "မြန်မာနိုင်ငံမှာကြုံတွေ့နှိုင်တဲ့ ရာသီဥတုဖောက်ပြန်မှု လွန်ကဲရာသီဥတု အမျိုးအစားမှာ မိုးသည်းထန်ခြင်းနဲ့ မိုးခေါင်ခြင်း ရောယှက်ဖောက်ပြန်မှု အမျိုးအစား ဖြစ်ပါတယ်။ ဒီခန့်မှန်းချက်အရကတော့ မြန်မာနိုင်ငံမှာ မျှတတဲ့ရာသီဥတုအစား မိုးများလွန်းတဲ့ဒေသတွေ နဲ့ မိုးမရွာတဲ့ဒေသတွေ ဆိုပြီး အစွန်းရောက်ရာသီဥတုမျိုးတွေ ကြုံတွေ့ရဖွယ်ရှိတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍမှာ ခက်ခဲတဲ့ကာလတစ်ခုကို ကြုံတွေ့ရဖွယ်ရှိပါတယ်"လို့ သူ့အင်တာနက် သာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ အဲ့ဒီ အိုင်အန်ဂျီအိုအဖွဲ့တွေရဲ့ မြန်မာနိုင်ငံကြုံတွေ့နိုင်တဲ့ မိုးခေါင်ခြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်းဆိုတဲ့ ခန့်မှန်းချက်ဟာ အယ်လ်နီညိုဖြစ်တဲ့နှစ်တွေအတွင်း ပထမဆုံးအကြိမ် ခန့်မှန်းချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၊စိုက်ပျိုးရေးဌာနကလည်း အခုနှစ်အတွင်း သောက်သုံးရေနဲ့ စိုက်ပျိုးရေ ချွေတာ သုံးစွဲကြဖို့ မနေ့ကပဲ သတိပေးကြေညာ ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024