Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး ၈၈ မျိုးဆက် သဘောထားထုတ်ပြန်
DVB
·
November 12, 2015
ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး တွေ့ဆုံဆွေးနွေးမှုတွေက တဆင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးတို့ကို အလေးထား အကောင်အထည်ဖော်ကြရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက တိုက်တွန်းလိုက်ပါတယ်။ ၂ဝ၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၃ ပုံ ၂ ပုံလောက် အတည်ပြုထုတ်ပြန်ပြီးချိန်မှာ ဒီကနေ့ သဘောထားထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ အထွေထွေရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပအောင်မြင်ခဲ့တဲ့အတွက် ပြည်သူတရပ်လုံးနဲ့အတူ သက်ဆိုင်သူအားလုံး၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အထူးသဖြင့် နိုင်ငံသားတာဝန် ကျေပွန်ခဲ့ကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေကို ဂုဏ်ပြု ချီးကျူးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ အများစုအနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ အားလုံးကိုလည်း ဂုဏ်ပြုချီးကျူးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024