ချဲလ်ဆီးနှင့် ၀က်စ်ဟမ်းကို ဒဏ်ငွေရိုက်
DVB
·
November 11, 2015
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ပရီးမီးယားလိဂ်က ၀က်စ်ဟမ်း ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းကို ဒဏ်ငွေတွေ အသီးသီး ချမှတ်လိုက်ပါတယ်။
ကလပ် အသင်းက ကစားသမားတွေကို မထိန်းချုပ်နိုင်တဲ့ အတွက် ၀က်စ်ဟမ်းကို ပေါင် ၄ သောင်းနဲ့ ချဲလ်ဆီးကို ပေါင် ၅ သောင်း ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
အောက်တိုဘာ ၂၄ ရက် ၀က်စ်ဟမ်းရဲ့ အပ်တန်ပတ်ခ်ဘောလုံးကွင်းမှာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားတဲ့ ပွဲအပေါ် အရေးယူလိုက်တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးအသင်း ကစားသမား ၅ ဦး အ၀ါကဒ်အပြခံရသလို အသင်းက မာတစ်နဲ့ ဒိုင်လူကြီးကို စကားပြောဖို့ကြိုးစားတဲ့ မော်ရင်ဟိုတို့လည်း အထုတ်ခံရပါတယ်။
၄၄ မိနစ် မာတစ်က ၀က်စ်ဟမ်းကစားသမားကို စိန်ခေါ်ခဲ့အပြီး ၀က်စ်ဟမ်းကစားသမားတွေက ဒိုင်လူကြီးကို ၀ိုင်းခဲ့သလို မာတစ်အထုတ်ခံရချိန်မှာလည်း ချဲလ်ဆီးကစားသမားတွေက ဒိုင်ဖြစ်သူကို ၀ိုင်းထားခဲ့ပါတယ်။
မော်ရင်ဟိုကလည်း တပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် ၄ သောင်း ဒဏ်ရိုက်ခံရပါတယ်။