Home
မြန်မာသတင်း
အန်အယ်လ်ဒီအနိုင်ရမှု ကမ္ဘာကြီးအတွက် သတင်းကောင်းဟု ကမ္ဘောဒီးယားအတိုက်အခံ ပြော
DVB
·
November 10, 2015
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ အနိုင်ရလိုက်တာဟာ ကမ္ဘာကြီးမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် သတင်းကောင်း ဖြစ်သလို၊ အထူးသဖြင့် ကမ္ဘောဒီယားနိုင်ငံအတွက် သတင်းကောင်းဖြစ်တယ်လို့ ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ဆမ်းရိန်စီက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီအထိ ကြေညာသွားတဲ့ မဲဆန္ဒနယ် အများစုမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများစု အနိုင်ရပါတယ်။ ပြည်သူ့လွှတ်တော် နေရာပေါင်း  ၅၄ နေရာကို ကြေညာရာမှာ အန်အယ်လ်ဒီက နေရာ ၄၉ မှာ အနိုင်ရပါတယ်။ 12196288_990463217677078_1922202075585375472_nပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၃ နေရာ၊ ဝ ဒီမိုကရက်တစ်ပါတီနဲ့ ကချင်ဒီမိုကရေစီပါတီတို့က ၁ နေရာစီမှာ အနိုင်ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၅၂ နေရာကို ကြေညာရာမှာလည်း အန်အယ်လ်ဒီက ၄၇ နေရာမှာ နိုင်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၃ နေရာ၊ ၀ ဒီမိုကရက်တစ်ပါတီက ၂ နေရာမှာ အနိုင်ရပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကို ဒီနေ့မှာလည်း ထပ်ကြေညာပြီး ၂ ပတ်အတွင်း အပြီး ကြေညာပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၁ ပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၆၀၀၀ ကျော်၊ တသီးပုဂ္ဂလ ၃၁၀ ၀င်ပြိုင်ခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီက အမတ်လောင်း ၁၁၂၃ ယောက်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၁၂၂၃ ယောက် အရွေးခံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024