ကိုကိုးကျွန်းပြည်သူများကို ဒေါ်အောင်ဆန်းစုကြည် ဖုန်းဖြင့် အားပေးစကားပြောမည်
ကျော်ဇေဝင်း
·
November 3, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုကိုးကျွန်းပြည်သူတွေနဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေကို ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အားပေးစကားပြောကြားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။
"အားပေးစကား ပြောမှာပေါ့။ ဒေသခံတွေကို ကိုကိုးကျွန်း အန်အယ်လ်ဒီရုံးမှာ စုခိုင်းထားပြီး ညနေ ၅ နာရီ ရန်ကုန်အိမ်ကနေ ဖုန်းနဲ့ပြောမှာပါ" လို့ ဆိုပါတယ်။
အခုလို ပြောဆိုမှုဟာ ကိုကိုးကျွန်းပြည်သူတွေကို အကြောက်တရားကင်းစွာ မဲဆန္ဒပြုနိုင်ဖို့ ရွေးကာက်ပွဲဆိုင်ရာ အသိပညာပေးတာဖြစ်တယ်လို့ ကိုကိုးကျွန်း အန်အယ်လ်ဒီ ပါတီဝင်တဦးက ပြောပါတယ်။