ဗောက်စ်ဝက်ဂွန် ရှယ်ယာ ၆ နှစ်အတွင်း အဆိုးဆုံး ထိုးကျ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် အာဏာပိုင်တွေက ဂျာမန် ကားထုတ်လုပ်သူ ဗောက်စ်ဝက်ဂွန် ကော်ပိုရေးရှင်းကို ကားမီးခိုး ထုတ်လွှတ်မှု သတင်းအချက်အလက်တွေ မှားယွင်းမှုရှိတယ်လို့ စွပ်စွဲခဲ့ပြီးနောက် စက်တင်ဘာ ၂၁ ရက်နေ့က ရှယ်ယာတွေ ၆ နှစ်အတွင်း အဆိုးဆုံးအဆင့်နဲ့ ထိုးကျသွားပါတယ်။ ဒီစွပ်စွဲချက် စစ်မှန်ခဲ့ရင် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံအထိ ဒဏ်ငွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဥရောပရဲ့ အကြီးဆုံး ကားထုတ်လုပ်သူဟာ သူ့ရဲ့ ဗောက်စ်ဝက်ဂွန် အမှတ်တံဆိပ်နဲ့ ဇိမ်ခံကား အော်ဒီတို့အတွက် ဒီဇယ်မော်ဒယ် ဆော့ဖ်ဝဲကို ပုံစံထုတ်ရာမှာ အဆိပ်သင့်ဓာတ်ငွေ့ ထုတ်လွှတ်မှုအတွက် စည်းကမ်းထိန်းသိမ်းရေး လုပ်ဆောင်ချက်တွေကို လှည့်စားတယ်လို့ စွပ်စွဲခံနေရတဲ့အကြောင်း အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ပြောခဲ့ပါတယ်။ ဗောက်စ်ဝက်ဂွန်ရဲ့ စတော့ရှယ်ယာက ၁၃ ရာခိုင်နှုန်းထိ ကျသွားလို့ ၂၀၀၉ နိုဝင်ဘာကတည်းက ခုထိ တရက်တည်းအတွင်း ရှယ်ယာဈေးနှုန်း အကြီးဆုံးကျဆင်းမှု ဖြစ်ပါတယ်။ ဗောက်စ်ဝက်ဂွန်ဟာ ကုမ္ပဏီ ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲရေး အဆင့်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ရည်ရွယ်တဲ့ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ရဲ့ စက်တင်ဘာ ၁၈ ရက်နေ့ အစည်းအဝေးမှာ ခေါင်းဆောင်မှုကဏ္ဍနဲ့ ပတ်သက်ပြီး သံသယတွေ ရှိလာချိန်မှာ ခုလို ထုတ်ဖော်မှု ပေါ်ထွက်လာတာပါ။ ဗောက်စ်ဝက်ဂွန်ဥက္ကဋ္ဌဟောင်းလည်း လွန်ခဲ့တဲ့ ၅ လက ကားထုတ်လုပ် ရောင်းချရေး ဗျူဟာအပေါ် သြဇာလွန်ဆွဲပွဲတွေကြောင့် ကုမ္ပဏီက ထွက်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်း ကားအရောင်း ကျဆင်းနေပြီး ဗောက်စ်ဝက်ဂွန် ကုန်အမှတ်တံဆိပ်ကနေ အမြတ်အစွန်း တိုးမြှင့်ရေး ကိစ္စတွေကို ရုန်းကန် လုပ်ကိုင်နေရပါတယ်။ ဒါကြောင့် အခု မီးခိုးထုတ်လွှတ်မှု အရေးဟာ ဗောက်စ်ဝက်ဂွန်ကို ပိုပြီး ဝရုန်းသုံးကား ဖြစ်စေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up