မေ၀ယ်သာ၊ ပက်ကွီယိုတို့နှင့် ယှဉ်ပြိုင်ရန် ချိတ်ဆက်နေကြောင်း အေမာခန် ပြော

ပက်ကွီရို (၀ဲ) နှင့် အေမာခန် (ယာ)။ (ဓာတ်ပုံ - ရိုက်တာ)
ဗြိတိသျှလက်ဝှေ့ကျော် အေမာခန် က မေ၀ယ်သာ၊ ပက်ကွီရိုတို့နဲ့ ယှဉ်ပြိုင်ဖို့အတွက် ပွဲစီစဉ်သူတွေက ချိတ်ဆက်နေတဲ့အကြောင်း ပါကစ္စတန်ခရီးစဉ်မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ဒါမှမဟုတ်လည်း လာမယ့်နှစ် ဖေဖော်ဝါရီလောက်ကျရင် ယူအေအီး ဒါမှမဟုတ် အမေရိကန်မြေပေါ်မှာ ထိုးဖြစ်ဖို့ များတယ်လို့ ပြောပါတယ်။ ပါကစ္စတန်မှာလည်း လာမယ့်နှစ်ကျရင် လက်ဝှေ့သင်တန်းကျောင်းတခု အစောဆုံး ဖွင့်လှစ်နိုင်တော့မှာဖြစ်လို့ လက်ဝှေ့ကလပ်တွေ အမြောက်အမြား ပေါ်ပေါက်လာပြီး ၂ နှစ်လောက်အတွင်းမှာ နာမည်ကြီး ဆုတံဆိပ်တွေကို ပါကစ္စတန်က ဆွတ်ခူးနိုင်တော့မယ်လို့ အားပေးစကား ပြောပါတယ်။ ခန်ဟာ WBC Silver Welterweight ချန်ပီယံ ဖြစ်သလို ကမ္ဘာ့အဆင့် ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up